ဦးသိန်းစိန်ကို ထောက်ခံသူ ၂ သန်းနီးပါးက မွတ်စလင်တွေရဲ့ တရားဆွဲဆိုမှုကို ကန့်ကွက်ခဲ့ဟုဆို

0
295

သမ္မတဦးသိန်းစိန် တရားစွဲဆိုခံရမှုကို ဆန့်ကျင်ကြောင်း Facebook လှုကွန်ယက်ပေါ် လှုပ်ရှားမှုကို မြန်မာနိုင်ငံသား (၁)သန်းကျော်ကနေ (၂)သန်းနီးပါးအထိ ရှိခဲ့တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မွတ်စလင်အဖွဲ့အစည်း ၁၉ ဖွဲ့ ပူးပေါင်းထားတဲ့ Burma Task Force USA (BTF) အဖွဲ့က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ဖက်ဒရယ်တရားရုံးတစ်ခုမှာ တရားဆွဲဆိုမှုရှိခဲ့တဲ့အပေါ် နိုင်ငံတော်သမ္မတကို ထောက်ခံသူဆိုသူ မြန်မာနိုင်ငံသား ၁ သန်းကျော် ၂ သန်းနီးပါးက Profile ဓာတ်ပုံ ပြောင်းလဲတာ၊ Facebook Wallpaper ပြောင်းလဲတာတွေနဲ့ Facebook Post အဖြစ်တင်တာတွေကို ပြုလုပ်ခဲ့ကြတယ်လို့ ဦးဇော်ဌေးက သူ့ရဲ့တရားဝင် Facebook စာမျက်နှာက တဆင့်ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားတဲ့နေရာမှာတော့ ၂၀၁၅ ခုနှစ် မတ်လ စာရင်းများအရ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ (၅၁.၄) သန်းကျော် ရှိပြီး ဒီထဲက အင်တာနက်အသုံးပြုသူ ဦးရေဟာ (၂.၅) သန်းရှိနေပြီး မိုဘိုင်းဖုန်းနဲ့ အင်တာနက် ချိတ်ဆက်မှုက (၁၃.၃)သန်း ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

U Thein Sein

အဲ့ဒီထဲက စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စရပ်တစ်ခုအဖြစ် Social Media အသုံးပြုသူဦးရေဟာ (၃.၈) သန်း ရှိနေကာ အဲ့ဒီထဲက မိုဘိုင်းဖုန်းနဲ့ Social Media အသုံးပြုသူဦးရေဟာ (၃.၄)သန်း ရှိပြီး အဲ့ဒီထဲက ၁ သန်းကျော် ၂ သန်းနီးပါးက ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာလို့ ပြောဆိုလိုက်တာပါ။

“ဒါဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုအပေါ် အမျိုးသားရေး စိတ်ဓါတ်အရင်းခံနဲ့ ပြသခဲ့ခြင်း လို့ ဆိုနိုင်ပါတယ်။ Rainbow Profile Campaign လို Application ဖန်တီးပြီး ဆောင်ရွက်ခဲ့မယ် ဆိုရင်တော့ တိတိကျကျ သိရှိနိုင်မှာ ဖြစ်ပြီးတော့ လက်ရှိအနေအထားမှာတော့ ခန့်မှန်းချက် အဖြစ်ပဲ ရရှိနိုင်ကြောင်း သိရှိရပါတယ်။” သူ့ရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာကနေ ပြောကြားလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နိုင်ငံတကာက မွတ်စလင်အဖွဲ့အစည်း ၁၉ ဖွဲ့ ပူးပေါင်းထားတဲ့ Burma Task Force USA (BTF) အဖွဲ့က ဘင်္ဂါလီတွေကို ပစ်မှတ်ထားပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွတ်ဆွဲချက်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒီအပေါ် သမ္မတကိုထောက်ခံသူတွေက Facebook လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ သမ္မတ ဦးသိန်းစိန် ဓာတ်ပုံတွေကို Profile ဓာတ်ပုံ ပြောင်းလဲတာ၊ Facebook Wallpaper ပြောင်းလဲတာတွေနဲ့ Facebook Post အဖြစ်တင်တာတွေကို ပြုလုပ်ခဲ့ကြတာပါ။

ဒီလို လူမှုကွန်ယက်လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတကို ထောက်ခံသူ Facebook အသုံးပြုသူတွေနဲ့ မထောက်ခံသူ Facebook အသုံးပြုသူတွေကြား အငြင်းအခုန်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)