အရက်သောက်တဲ့အခါမှာ အလွန်အကျူးမဖြစ်အောင် ထိန်းချုပ်ဖို့လိုတယ်လို့ ရဲမှူးကြီးကိုကိုအောင် ပြောကြား

0
323

လူငယ်တွေအနေနဲ့ အရက်သေစာ သောက်စားတဲ့အခါမှာ အလွန်းအကျူးမဖြစ်ဖို့ ထိန်းချုပ်ဖို့လိုတယ် လို့ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ (၂၉)ရက်ညက နေပြည်တော်ရှိ Junction Center နောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ လူသတ် အဓမ္မပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံပိုင်သတင်းမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ် ရဲမှူးကြီး ကိုကိုအောင်က ပြောကြားလိုက်တာပါ။

KoKo Aung

ဒါ့အပြင် အမျိုးသမီးငယ်တွေ၊ လူငယ်တွေအနေနဲ့ လူသူကင်းမဲ့တဲ့နေရာတွေကို အချိန်မတော် သွားလာတာတွေ ကိုပါ ရှောင်ရှားဖို့လိုတယ်လို့လည်း ပြောကြားလိုက်တာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ အဲ့ဒီရာဇ၀တ်မှုကို ကျူးလွန်သူ တရားခံတွေအဖြစ် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နေ အောင်တင်မျိုး(ခ) အောင်ပိုင် (၂၀) နှစ်နဲ့ ကျော်မောင် (ခ) ဇော်ဇော်အောင် (၁၉) နှစ်တို့ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရရှိ အရေးယူဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)