ခဲပန်းချီပညာ စိတ်ပါဝင်စားတဲ့ လူငယ်တွေစုပေါင်းပြီး ခဲပန်းချီပြပွဲ ပြသ (ရုပ်/သံ)

0
317







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခဲပန်းချီပညာကို စိတ်ပါဝင်စားတဲ့လူငယ်တွေ စုပေါင်းပြီး ခဲပန်းချီပြပွဲ ကို သုံးရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုMCN သတင်းထောက် သော်တာတိုး က ပေးပို့ထားပါတယ်။

ခဲပန်းချီပညာကို စိတ်ပါဝင်စားတဲ့ လူငယ်တွေစုပေါင်းပြီး ခဲပန်းချီပြပွဲကို စက်တင်ဘာလ ၇ရက် နေ့ကနေ ၉ရက်နေ့ထိ ရန်ကုန်မြို့ 43 Art Gallery မှာ သုံးရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီပန်းချီပြပွဲမှာ လူငယ်ပန်းချီဆရာ ၁၆ ယောက် ရဲ့ ခဲပန်းချီတွေကို ပြသခဲ့တာပါ။

Soundbite ခဲပန်းချီ သူရအောင်

အဲ့ဒီပွဲမှာ လူငယ်ခဲပန်းချီဆရာတွေ ရေးဆွဲထားတဲ့ ခဲပန်းချီကားပေါင်း ၃၃ကား ပြသခဲ့တာပါ။ ပါဝင်ပြသခဲ့တဲ့ ခဲပန်းချီကားတွေထဲမှာ ပုံတူပန်းချီကားတွေအပြင် မြန်မာ့ယဉ်ကျေးမှုကို ဖော်ညွန်းတဲ့ ပန်းချီကားတွေလည်းပါဝင်ခဲ့ပါတယ်။

Soundbite ခဲပန်းချီ ပြည့်ဖြိုးပိုင်

ပန်းချီစုတ်ချက် လက်ပိုင်ရှင် လို့ နာမည်ပေးထားတဲ့ ဒီပန်းချီပြပွဲဟာ ခဲပန်းချီကို ဝါသနာပါတဲ့ လူငယ်ခဲပန်းချီဆရာတွေ စုပေါင်းပြီး ပထမဆုံးအကြိမ် ပြသတဲ့ ပြပွဲလည်းဖြစ်ပါတယ်ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)