အလုပ္ရွင္ဘက္က တားဆီးမႈေတြ လုပ္ေနတယ္လို႔ ဖုယြင္ အထည္ခ်ဳပ္စက္႐ံု လုပ္သားေတြ ေျပာ (႐ုပ္/သံ)

0
276

အလုပ္သမားေတြကုိ ေျဖရွင္းေပးမႈေတြ မျပဳလုပ္တဲ့အျပင္ အလုပ္ရွင္ဘက္က တားဆီးမႈ ေတြျပဳလုပ္ေနတယ္လုိ႔ ဒဂုံဆိပ္ကမ္းရွိ ဖုယြင္အထည္ခ်ဳပ္စက္႐ုံ အလုပ္သမားေတြက ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

အလုပ္သမားသမဂၢေတြကုိ အေၾကာင္းျပခ်က္မရွိ အလုပ္ထုတ္ပယ္ခဲ့တာေၾကာင့္ အလုပ္သမားေတြစုေပါင္းၿပီး စက္ရုံေရွ႕ ဆႏၵျပေတာင္းဆုိေနၾကတာပါ။
အခုလုိဆႏၵျပေတာင္းဆိုေနတာ ရက္ ၂၀ နီးပါး ရွိၿပီျဖစ္ေပမယ့္ ဆႏၵျပအလုပ္သမားေတြကုိ အလုပ္ရွင္ဘက္က ေျဖရွင္းေဆာင္ရြက္ေပးတာမရွိဘဲ စက္ရုံရဲ႕အေနာက္ဘက္မွာ အေစာင့္ေတြထားရွိၿပီး ေစာင့္ၾကည့္ေနတယ္လုိ႔ အလုပ္သမားေတြက ေျပာပါတယ္ ။

Soundbite ကုိဆန္း၀င္း (အတြင္းေရးမွဴး)
အလုပ္သမားသမဂၢ

ဒါ့အျပင္ အလုပ္သမားသမဂၢအဖြဲ႕၀င္(၃၀)ကုိ ဥပေဒနဲ႔အညီ အလုပ္ကထုတ္ပယ္ျခင္းမရွိခဲ့တာေၾကာင့္ လုပ္ငနး္္ရွင္ဘက္ကုိ ဥပေဒခ်ဳိးေဖာက္မႈနဲ႔ ထိထိေရာက္ေရာက္ အေရးယူေဆာင္ရြက္ေပးဖုိ႔ အလုပ္သမား ေတြက လုိလားေနၾကတာပါ။

Soundbite မသန္းသန္းစုိး(ဖုယြင္အထည္ခ်ဳပ္အလုပ္သမား)

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၁ ရက္ေန႔က စတင္ဆႏၵျပခဲ့ၾကတာျဖစ္ၿပီး ၄ ႀကိမ္တုိင္တုိင္ ညွိႏႈိင္းမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ေျပလည္မႈမရရွိဘဲ အလုပ္ရွင္ဘက္က ၿခိမ္းေျခာက္မႈေတြ ရွိခဲ့တယ္လုိ႔ အလုပ္သမားေတြက ေျပာပါတယ္။ ဒါ့အျပင္ အလုပ္ရွင္ အလုပ္သမား အျငင္းပြားမႈျပသာနာကုိ ေျဖရွင္းေဆာင္ရြက္နုိင္ဖို႔ နုိင္ငံေတာ္သမၼတ႐ုံးကုိ စာေပးပို႔တိုင္ၾကားထားတယ္လို႔လည္း အလုပ္သမားေတြက ေျပာပါတယ္ ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်သမားတွေကို ဖြေရှင်းပေးမှုတွေ မပြုလုပ်တဲ့အပြင် အလုပ်ရှင်ဘက်က တားဆီးမှု တွေပြုလုပ်နေတယ်လို့ ဒဂုံဆိပ်ကမ်းရှိ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

အလုပ်သမားသမဂ္ဂတွေကို အကြောင်းပြချက်မရှိ အလုပ်ထုတ်ပယ်ခဲ့တာကြောင့် အလုပ်သမားတွေစုပေါင်းပြီး စက်ရုံရှေ့ ဆန္ဒပြတောင်းဆိုနေကြတာပါ။
အခုလိုဆန္ဒပြတောင်းဆိုနေတာ ရက် ၂၀ နီးပါး ရှိပြီဖြစ်ပေမယ့် ဆန္ဒပြအလုပ်သမားတွေကို အလုပ်ရှင်ဘက်က ဖြေရှင်းဆောင်ရွက်ပေးတာမရှိဘဲ စက်ရုံရဲ့အနောက်ဘက်မှာ အစောင့်တွေထားရှိပြီး စောင့်ကြည့်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။

Soundbite ကိုဆန်းဝင်း (အတွင်းရေးမှူး)
အလုပ်သမားသမဂ္ဂ

ဒါ့အပြင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်(၃၀)ကို ဥပဒေနဲ့အညီ အလုပ်ကထုတ်ပယ်ခြင်းမရှိခဲ့တာကြောင့် လုပ်ငနး်ရှင်ဘက်ကို ဥပဒေချိုးဖောက်မှုနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ အလုပ်သမား တွေက လိုလားနေကြတာပါ။

Soundbite မသန်းသန်းစိုး(ဖုယွင်အထည်ချုပ်အလုပ်သမား)

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က စတင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ၄ ကြိမ်တိုင်တိုင် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပြေလည်မှုမရရှိဘဲ အလုပ်ရှင်ဘက်က ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုပြသာနာကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်သမ္မတရုံးကို စာပေးပို့တိုင်ကြားထားတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ် ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)