
0
226




>>>>>>>>>>>>>>>>>>>>>>

NLD အစိုးရလက်ထက်မှာ သစ်တစ်ပင်ခုတ်ရင် သုံးပင် ပြန်စိုက်ပေးနေရတယ်လို့ မြန်မာ့သစ်လုပ်ငန်းက ပြော

လက်ရှိတာဝန်ယူထားတဲ့ NLD အစိုးရ လက်ထက်မှာ သစ်တစ်ပင်ခုတ်ရင် သုံးပင် ပြန်စိုက်ရတယ်လို့ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနဲ့ သစ်စက်ဌာနက အထွေထွေမန်နေဂျာ ဦးခွန်အောင်စိုးက ပြောဆိုလိုက်ပါတယ်။
မြန်မာ့ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွင့်တဲ့ သစ်တောကဏ္ဍနဲ့ ဆက်စပ်တဲ့ နိုင်ငံ့စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲမှာ အဲ့ဒီလို ပြောဆိုလိုက်တာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က သစ်ပင်ပေါင်း တစ်သိန်းခွဲ ခုတ်ခဲ့တဲ့အတွက် သစ်ပင်ပေါင်း လေးသိန်းရှစ်သောင်း ပြန်စိုက်ပေးခဲ့ရတယ်လို့ ဦးခွန်အောင်စိုးက ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)