ပညာေရးက႑ တိုးတက္လာဖို႔ ေက်ာင္းသားလူငယ္ေတြ ကိုယ္တုိင္ ဦးေဆာင္ႏိုင္ဖို႔ လို (႐ုပ္/သံ)

0
256

ကေလးဗဟုိျပဳပညာေရးစနစ္ကို ေျပာင္းလဲသြားတဲ့အတြက္ ပညာေရးက႑တိုးတက္လာဖို႔ ေက်ာင္းသား လူငယ္ေတြကိုယ္တိုင္ ဦးေဆာင္ႏိုင္ဖို႔ လိုအပ္ေနၿပီလို႔ ေမွာ္ဘီ အထက ၁ ဆရာႀကီးက ေျပာပါတယ္။ ဒီီသတင္းကို MCN သတင္းေထာက္ စိုင္းျပည့္ၿဖိဳးဟန္က ေပးပို႔ထားပါတယ္။

ေက်ာင္းဆရာ၊ ဆရာမေတြက ဦးေဆာင္သင္ၾကားခ့ဲရတဲ့ စနစ္ကေန NLD အစိုးရလက္ထက္မွာ ကေလးဗဟိုျပဳပညာေရး စနစ္ကို ျပဳျပင္ေျပာင္းလဲခဲ့တာပါ။ ဒီပညာေရးစနစ္အရ ဆရာဆရာမေတြဟာ ေက်ာင္းသားလူငယ္ေတြကို လမ္းညႊန္မႈေတြပဲ လုပ္ႏိုင္ေတာ့မွာ ျဖစ္ျပီး ပညာေရးက႑ာတိုးတက္ဖို႔အတြက္ ေက်ာင္းသားလူငယ္ေတြ ကိုယ္တိုင္ဦးေဆာင္ရမွာျဖစ္တယ္လို႔ စက္တင္ဘာ ၆ရက္က အင္းစိန္ျမိဳ႕နယ္ အထက ၁ မွာ က်င္းပတဲ့ ကေလးစာေပပြဲေတ္ာကို တက္ေရာက္လာတဲ့ ေမွာ္ဘီ အထက( ၁)က အထက္တန္းျပ ေက်ာင္းဆရာၾကီးဦးလွျမင့္ေအးက ေျပာပါတယ္။

Soundbites-ဦးလွျမင့္ေအး (ေမွာ္ဘီ၊အထက(၁)အထက္တန္းျပေက်ာင္းဆရာၾကီး)

ကေလးဗဟိုျပဳပညာေရး စနစ္ကို ေျပာင္းလဲလိုက္ေပမယ့္ ေက်ာင္းတခ်ိဳ႕မွာ ဆရာအေရအတြက္နည္း ပါးေနၿပီး ေက်ာင္းသူ၊ေက်င္းသား အေရအတြက္ မ်ားေနတဲ့ အတြက္ ေက်ာင္းသားနဲ႔ ဆရာ အခ်ိဳးမမွ်မႈေတြျဖစ္ေနတာပါ။ဒါေၾကာင့္ ကေလးဗဟိုျပဳပညာေရး စနစ္ကို သြားဖို႔ အခက္အခဲေတြရွိေနေသးတာျဖစ္ပါတယ္။

Soundbites-ဦးလွျမင့္ေအး (ေမွာ္ဘီ၊အထက(၁)အထက္တန္းျပေက်ာင္းဆရာၾကီး)

NLD အစိုးရ တက္လာၿပီးေနာက္ပိုင္း ပညာေရး က႑ေတြမွာ ကေလးဗဟိုျပဳပညာေရး စနစ္ကို စတင္ေျပာင္းလဲခဲ့ၿပီး နယ္ပယ္စံုမွာ ဦးေဆာင္ႏိုင္တဲ့ ေက်ာင္းသားလူငယ္ေတြ ေပၚထြက္လာဖို႔ ရည္ရြယ္ၿပီး တိုင္းေဒသႀကီးေတြနဲ႔ ျပည္နယ္ေတြမွာ ကေလးစာေပပြဲေတာ္ေတြ က်င္းပၿပီး ႏိုင္ငံေတာ္အဆင့္ ပုဂၢိဳလ္ေတြပါ၀င္တဲ့ လူငယ္ စာေပစကား၀ိုင္းေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးဗဟိုပြုပညာရေးစနစ်ကို ပြောင်းလဲသွားတဲ့အတွက် ပညာရေးကဏ္ဍတိုးတက်လာဖို့ ကျောင်းသား လူငယ်တွေကိုယ်တိုင် ဦးဆောင်နိုင်ဖို့ လိုအပ်နေပြီလို့ မှော်ဘီ အထက ၁ ဆရာကြီးက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းပြည့်ဖြိုးဟန်က ပေးပို့ထားပါတယ်။

ကျောင်းဆရာ၊ ဆရာမတွေက ဦးဆောင်သင်ကြားခဲ့ရတဲ့ စနစ်ကနေ NLD အစိုးရလက်ထက်မှာ ကလေးဗဟိုပြုပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲခဲ့တာပါ။ ဒီပညာရေးစနစ်အရ ဆရာဆရာမတွေဟာ ကျောင်းသားလူငယ်တွေကို လမ်းညွှန်မှုတွေပဲ လုပ်နိုင်တော့မှာ ဖြစ်ပြီး ပညာရေးကဏ္ဍာတိုးတက်ဖို့အတွက် ကျောင်းသားလူငယ်တွေ ကိုယ်တိုင်ဦးဆောင်ရမှာဖြစ်တယ်လို့ စက်တင်ဘာ ၆ရက်က အင်းစိန်မြို့နယ် အထက ၁ မှာ ကျင်းပတဲ့ ကလေးစာပေပွဲတော်ကို တက်ရောက်လာတဲ့ မှော်ဘီ အထက( ၁)က အထက်တန်းပြ ကျောင်းဆရာကြီးဦးလှမြင့်အေးက ပြောပါတယ်။

Soundbites-ဦးလှမြင့်အေး (မှော်ဘီ၊အထက(၁)အထက်တန်းပြကျောင်းဆရာကြီး)

ကလေးဗဟိုပြုပညာရေး စနစ်ကို ပြောင်းလဲလိုက်ပေမယ့် ကျောင်းတချို့မှာ ဆရာအရေအတွက်နည်း ပါးနေပြီး ကျောင်းသူ၊ကျေင်းသား အရေအတွက် များနေတဲ့ အတွက် ကျောင်းသားနဲ့ ဆရာ အချိုးမမျှမှုတွေဖြစ်နေတာပါ။ဒါကြောင့် ကလေးဗဟိုပြုပညာရေး စနစ်ကို သွားဖို့ အခက်အခဲတွေရှိနေသေးတာဖြစ်ပါတယ်။

Soundbites-ဦးလှမြင့်အေး (မှော်ဘီ၊အထက(၁)အထက်တန်းပြကျောင်းဆရာကြီး)

NLD အစိုးရ တက်လာပြီးနောက်ပိုင်း ပညာရေး ကဏ္ဍတွေမှာ ကလေးဗဟိုပြုပညာရေး စနစ်ကို စတင်ပြောင်းလဲခဲ့ပြီး နယ်ပယ်စုံမှာ ဦးဆောင်နိုင်တဲ့ ကျောင်းသားလူငယ်တွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာ ကလေးစာပေပွဲတော်တွေ ကျင်းပပြီး နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေပါဝင်တဲ့ လူငယ် စာပေစကားဝိုင်းတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)