ရခုိင္အေရးနဲ႔ ပတ္သက္ၿပီး ႏုိင္ငံတကာေၾကညာခ်က္ကို အိႏၵိယ လက္မွတ္မထိုး

0
762

ရခိုင္ျပည္နယ္က မြတ္စလင္အေရးနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာေၾကညာခ်က္ ထုတ္ျပန္ခ်ိန္မယ့္ ကိစၥမွာ အိႏၵိယ ႏုိင္ငံက လက္မွတ္ေရးထုိးဖို႔ ျငင္းဆန္လိုက္ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံမွာ က်င္းပေနတဲ့   ႏိုင္ငံတကာလႊတ္ေတာ္ ဖုိရမ္မွာ  မြတ္စလင္အေရးနဲ႔ ပတ္သက္ၿပီး ေၾကညာခ်က္ထုတ္ျပန္ခ်ိန္မွာ အိႏၵိယလႊတ္ေတာ္ ကိုယ္စားလွယ္အုပ္စုက လက္မွတ္ေရးထုိးဖုိ႔ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။  

ႏုိင္ငံတကာ လႊတ္ေတာ္ ဖိုရမ္က်င္းပေနတဲ့ အင္ဒိုနီးရွားႏိုင္ငံမွာ ဘာလီေၾကညာခ်က္ ထုတ္ျပန္ခဲ့ရာ အဲဒီ ထုတ္ျပန္ခ်က္အတြင္း ေဒသအတြင္း လံုၿခံဳေရးနဲ႔ တည္ၿငိမ္ေရးကို ဆက္လက္လုပ္ေဆာင္ဖုိ႔ တုိက္တြန္းထားပါတယ္။

ဒါ့အျပင္ ယံုၾကည္ခ်က္၊ လူမ်ိဳးေရးနဲ႔ ပတ္သက္ၿပီး ရခုိင္ျပည္နယ္က လူသားအားလံုး လူ႔အခြင့္ေရး အျပည့္အဝရေစဖို႔ တုိက္တြန္းထားတဲ့အျပင္ လူသားခ်င္းဆုိင္ရာ အကူညီေတြခြင့္ျပဳေပးဖုိ႔ ေၾကညာခ်က္မွာ တုိက္တြန္းထားပါတယ္။  

အိႏၵိယ လႊတ္ေတာ္ ကိုယ္စားလွယ္ အုပ္စုေခါင္းေဆာင္ ဆူမီထရာ မဟာဂ်န္က  ဖုိရမ္မွာ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္ၿပီး ဦးစားေပးေဖာ္ျပတာေတြဟာ မသင့္ေလွ်ာ္ဘဲ မွ်တမႈမရွိဘူးလို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကြေညာချက်ကို အိန္ဒိယ လက်မှတ်မထိုး

ရခိုင်ပြည်နယ်က မွတ်စလင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကြေညာချက် ထုတ်ပြန်ချိန်မယ့် ကိစ္စမှာ အိန္ဒိယ နိုင်ငံက လက်မှတ်ရေးထိုးဖို့ ငြင်းဆန်လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာလွှတ်တော် ဖိုရမ်မှာ မွတ်စလင်အရေးနဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ချိန်မှာ အိန္ဒိယလွှတ်တော် ကိုယ်စားလှယ်အုပ်စုက လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာ လွှတ်တော် ဖိုရမ်ကျင်းပနေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဘာလီကြေညာချက် ထုတ်ပြန်ခဲ့ရာ အဲဒီ ထုတ်ပြန်ချက်အတွင်း ဒေသအတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ယုံကြည်ချက်၊ လူမျိုးရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်က လူသားအားလုံး လူ့အခွင့်ရေး အပြည့်အဝရစေဖို့ တိုက်တွန်းထားတဲ့အပြင် လူသားချင်းဆိုင်ရာ အကူညီတွေခွင့်ပြုပေးဖို့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

အိန္ဒိယ လွှတ်တော် ကိုယ်စားလှယ် အုပ်စုခေါင်းဆောင် ဆူမီထရာ မဟာဂျန်က ဖိုရမ်မှာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဦးစားပေးဖော်ပြတာတွေဟာ မသင့်လျှော်ဘဲ မျှတမှုမရှိဘူးလို့ ပြောပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)