အထင္လြဲ သတင္းမွားေၾကာင့္ ျပည္ၿမိဳ႕ စာသင္ေက်ာင္းတခ်ိဳ႕မွာ အထိတ္တလန္႔ျဖစ္

0
458

ျပည္ၿမိဳ႕ အေျခခံပညာအထက္တန္း ေက်ာင္းခဲြတစ္ခုမွာ လူတခ်ိဳ႕  ဝင္ေရာက္လာတယ္လို႔ ေက်ာင္းဆရာမတစ္ဦးက ေဖ့စ္ဘုတ္ လူမႈကြန္ရက္ စာမ်က္ႏွာမွာ အထင္မွား ေဖာ္ျပခဲ့လို႔ ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားခဲ့ပါတယ္။

ေက်ာင္းကို အိႏၵိယ ပန္းအလွျပပဲြအတြက္ လာေရာက္တဲ့ ဟိႏၵဴလူမ်ိဳးႏွစ္ေယာက္ကို ေက်ာင္းဆရာမ တစ္ဦးက အထင္လြဲၿပီး ေဖ့စ္ဘုတ္မွာ ဒီေန႔ စက္တင္ဘာ ၈ ရက္ေန႔က တင္လိုက္တဲ့အတြက္ ေက်ာင္းသားမိဘေတြက စိုးရိမ္ၿပီး ကေလးေတြကို လာေရာက္ေခၚယူတာေၾကာင့္ အထိတ္တလန္႔ျဖစ္ၿပီး ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားတာ ျဖစ္ပါတယ္။

ဒီအထင္လြဲ ေဖာ္ျပမႈေၾကာင့္ ျပည္ၿမိဳ႕နဲ႔ ေရႊေတာင္ၿမိဳ႕က ေက်ာင္းေတြမွာ ေက်ာင္းသားေတြကို မိဘေတြက လာေရာက္ေခၚေဆာင္လို႔ လူစုလူေဝးေတြ ျဖစ္ေပၚခဲ့ပါတယ္။ အထင္လြဲၿပီး ေဖ့စ္ဘုတ္ေပၚမွာ အလ်င္စလို ေရးသားခဲ့တဲ့ ေက်ာင္းဆရာမကိုလည္း ပညာေရးဝန္ႀကီးဌာနက စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနပါတယ္။
………………………………………………….. ။ ။ ………………………………………………..

အထင်လွဲ သတင်းမှားကြောင့် ပြည်မြို့ စာသင်ကျောင်းတချို့မှာ အထိတ်တလန့်ဖြစ်

ပြည်မြို့ အခြေခံပညာအထက်တန်း ကျောင်းခွဲတစ်ခုမှာ လူတချို့ ဝင်ရောက်လာတယ်လို့ ကျောင်းဆရာမတစ်ဦးက ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာမှာ အထင်မှား ဖော်ပြခဲ့လို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။

ကျောင်းကို အိန္ဒိယ ပန်းအလှပြပွဲအတွက် လာရောက်တဲ့ ဟိန္ဒူလူမျိုးနှစ်ယောက်ကို ကျောင်းဆရာမ တစ်ဦးက အထင်လွဲပြီး ဖေ့စ်ဘုတ်မှာ ဒီနေ့ စက်တင်ဘာ ၈ ရက်နေ့က တင်လိုက်တဲ့အတွက် ကျောင်းသားမိဘတွေက စိုးရိမ်ပြီး ကလေးတွေကို လာရောက်ခေါ်ယူတာကြောင့် အထိတ်တလန့်ဖြစ်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ ဖြစ်ပါတယ်။

ဒီအထင်လွဲ ဖော်ပြမှုကြောင့် ပြည်မြို့နဲ့ ရွှေတောင်မြို့က ကျောင်းတွေမှာ ကျောင်းသားတွေကို မိဘတွေက လာရောက်ခေါ်ဆောင်လို့ လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အထင်လွဲပြီး ဖေ့စ်ဘုတ်ပေါ်မှာ အလျင်စလို ရေးသားခဲ့တဲ့ ကျောင်းဆရာမကိုလည်း ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)