၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ အတြင္း ကုန္သြယ္မႈ ကန္ေဒၚလာ ၇၇၉၅ သန္းေက်ာ္ ရွိ

0
308

၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ ဧၿပီလမွ ဇြန္လအတြင္း စုစုေပါင္း ကုန္သြယ္မႈ ပမာဏဟာ အေမရိကန္ေဒၚလာ ၇၇၉၅ ဒသမ ၇၉ သန္းရွိေၾကာင္း ဗဟိုစာရင္းအင္းအဖြဲ႔က တင္ျပတဲ့ ပို႔ကုန္၊ သြင္းကုန္ အေျခအေန အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ ဧၿပီလမွ ဇြန္လအတြင္း စုစုေပါင္း ပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ ၃၂၂၁ ဒသမ ၀၄ သန္း တင္ပို႔ႏိုင္ခဲ့ပါတယ္။ စုစုေပါင္း သြင္းကုန္တန္ဖိုးကေတာ့ အေမရိကန္ ေဒၚလာ ၄၅၇၄ ဒသမ ၇၅ သန္း ရွိပါတယ္။ ကုန္သြယ္မႈ လိုေငြျပတာကေတာ့ အေမရိကန္ ေဒၚလာ ၁၃၅၃ ဒသမ ၇၁ သန္း ျဖစ္ေပၚခဲ့ပါတယ္။

ဇြန္လ တစ္လတည္းရဲ႕ စုစုေပါင္း ကုန္သြယ္မႈ ပမာဏကေတာ့ အေမရိကန္ေဒၚလာ ၂၈၄၉ ဒသမ ၆၁ သန္း ျဖစ္ၿပီး စုစုေပါင္း ကုန္သြယ္မႈ လိုေငြက အေမရိကန္ ေဒၚလာ ၃၄၈ ဒသမ ၂၃ သန္း ရွိပါတယ္။
……………………………………………….။ ။ ………………………………………………

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း ကုန်သွယ်မှု ကန်ဒေါ်လာ ၇၇၉၅ သန်းကျော် ရှိ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၇၇၉၅ ဒသမ ၇၉ သန်းရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က တင်ပြတဲ့ ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအတွင်း စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၂၂၁ ဒသမ ဝ၄ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ စုစုပေါင်း သွင်းကုန်တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ ၄၅၇၄ ဒသမ ၇၅ သန်း ရှိပါတယ်။ ကုန်သွယ်မှု လိုငွေပြတာကတော့ အမေရိကန် ဒေါ်လာ ၁၃၅၃ ဒသမ ၇၁ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဇွန်လ တစ်လတည်းရဲ့ စုစုပေါင်း ကုန်သွယ်မှု ပမာဏကတော့ အမေရိကန်ဒေါ်လာ ၂၈၄၉ ဒသမ ၆၁ သန်း ဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှု လိုငွေက အမေရိကန် ဒေါ်လာ ၃၄၈ ဒသမ ၂၃ သန်း ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)