ၾသဂုတ္လမွာ ထိုင္းကို MOU နဲ႔ ၁၆,၀၀၀ ေက်ာ္ သြားေရာက္

0
341

ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္း ထိုင္းႏိုင္ငံကို MOU နဲ႔ တရား၀င္သြားေရာက္ အလုပ္လုပ္ကိုင္သူေပါင္း ၁၆,၀၀၀ ေက်ာ္ရွိခဲ့ျပီး တစ္လထက္ တစ္လ အေရအတြက္ျမင့္တက္လာေနတယ္လို႔ အလုပ္သမား လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဦးစီးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဇူလိုင္လအတြင္းမွာ ထိုင္းႏိုင္ငံကို MOU နဲ႔ အလုပ္သြားလုပ္သူေပါင္း ၁၂,၀၀၀ ေက်ာ္ ရွိခဲ့တာမို႔ ၄၀၀၀ ေက်ာ္ ျမင့္တက္ခဲ့တာျဖစ္ပါတယ္။
ဒါ့အျပင္ ျမ၀တီ-မဲေဆာက္လမ္းေၾကာင္းက တဆင့္ သြားေရာက္အလုပ္လုပ္သူ အေရအတြက္လည္း ျမင့္တက္ေနျပီး အခုႏွစ္ ဇန္န၀ါရီလကေန ၾသဂုတ္လအထိ မ်ိဳးသား ၅၀,၀၀၀ ေက်ာ္၊ အမ်ိဳးသမီး ၃၈,၀၀၀ ေက်ာ္ ရွိခဲ့ပါတယ္။

ျပီးခဲ့တဲ့ ဇူလိုင္လဆန္းပိုင္းမွာ ထိုင္းႏိုင္ငံကို ျမန္မာအလုပ္သမားမ်ား တရား၀င္ေစလႊတ္ဖို႔ ႏွစ္နိုင္ငံအလုပ္သမား၀န္ၾကီးဌာနတို႔ သေဘာတူညီခ်က္အရ အခုလို တရား၀င္ေစလႊတ္ေနတာျဖစ္ပါတယ္။

လတ္တေလာ ျမန္မာအလုပ္သမားမ်ားကို ထိုင္းနဲ႔ ေတာင္ကိုရီးယားႏိုင္ငံတို႔သို႔ တရား၀င္ေစလႊတ္ေနတာျဖစ္ျပီး ျမန္မာအလုပ္သမား သံုးသိန္းသံုးေသာင္းေက်ာ္ ထိုင္းႏိုင္ငံကို တရား၀င္ေစလႊတ္ထားျပီး ျဖစ္ပါတယ္။
(USA)

…………………………………….။ ။ ………………………………………..

 

သြဂုတ်လမှာ ထိုင်းကို MoU နဲ့ ၁၆ ဝ၀ဝ ကျော် သွားရောက်
ပြီးခဲ့တဲ့သြဂုတ်လအတွင်း ထိုင်းနိုင်ငံကို MoU နဲ့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်သူပေါင်း ၁၆,ဝ၀ဝ ကျော်ရှိခဲ့ပြီး တလထက်တလ အရေအတွက်မြ့်တက်လာနေတယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဇူလိုင်လအတွင်းမှာ ထိုင်းနိုင်ငံကို MOU နဲ့ အလုပ်သွားလုပ်သူပေါင်း ၁၂,ဝ၀ဝ ကျော် ရှိခဲ့တာမို့ ၄၀ဝ၀ ကျော် မြင့်တက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မြဝတီ-မဲဆောက်လမ်းကြောင်းကတဆင့် သွားရောက်အလုပ်လုပ်သူ အရေအတွက်လည်း မြင့်တက်နေပြီး အခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ မျိုးသား ၅၀ ဝ၀ဝ ကျော်၊အမျိုးသမီး ၃၈ ဝ၀ဝ ကျော် ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာ ထိုင်းနိုင်ငံကို မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်ဖို့ နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာနတို့ သဘောတူညီချက်အရ အခုလို တရားဝင်စေလွှတ်နေတာဖြစ်ပါတယ်။
လတ်တလော မြန်မာအလုပ်သမားများကို ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံတို့သို့ တရားဝင်စေလွှတ်နေတာဖြစ်ပြီး မြန်မာအလုပ်သမား သုံးသိန်းသုံးသောင်းကျော် ထိုင်းနိုင်ငံကို တရားဝင်စေလွှတ်ထားပြီး ဖြစ်ပါတယ်။(USA) (တင်ပြီး)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)