ဖားကန့် မြေပြိုမှုကြောင့် သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေကို နက်ရှိုင်းစွာ စာနာကြောင်း မြောက်ကိုရီယားအစိုးရပြော

0
6093

ဖားကန့်ဒေသ မြေပြိုမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့ကြရတဲ့ သူတွေရဲ့ မိသားစုဝင်တွေကို နက်ရှိုင်းစွာ စာနာထောက်ထားကြောင်းနဲ့ မြောက်ကိုရီးယားအစိုးရက ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Son Gwon  က မြန်မာနိုင်ငံအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင့်ကို အဲ့ဒီလို ပြောကြားလိုက်တဲ့ အကြောင်း ဇူလိုင်လ ၈ ရက် မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနဖြစ်တဲ့ KCNA သတင်းဌာနက ဖော်ပြထားတာပါ။

ဒီလိုဖော်ပြရာမှာတော့ မြန်မာနိုင်ငံအတွင်းက အန္တရာယ်ရှိ ဒေသတွေမှာ နေထိုင်နေကြရတဲ့ သူတွေရဲ့ နေထိုင်မှုဘဝတွေ အမြန်ဆုံး တည်ငြိမ်အောင် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်းကိုလည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ဖြစ်ပေါ်ခဲ့တဲ့ မြေပြိုမှုဖြစ်စဉ်ကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၁၇၀ ကျော် သေဆုံးခဲ့ပြီး လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြရတာဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)