တပ်မတော် လေယာဉ် ပျက်ကျမှု အိန္ဒိယနဲ့ တရုတ် ဝမ်းနည်းကြောင်း ပြောကြား

0
342

စစ်သည်နဲ့ မိသားစုဝင်တွေ၊ လေယာဉ်အမှုထမ်းတွေ စုစုပေါင်း ၁၂၂ ဦး လိုက်ပါသွားတဲ့ တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် ပျက်ကျမှုအတွက် စိတ်မကောင်း ဝမ်းနည်းကြောင်း အိန္ဒိယ နဲ့ တရုတ်က ပြောကြားကြပါတယ်။

မြန်မာ့ စစ်သုံး သယ်ပို့လေယာဉ်ရဲ့ အလွန် ဝမ်းနည်းဖွယ် ဆုံးရှုံးမှုအတွက် တကယ့်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ ကူညီကယ်ဆယ်ရေးတွေ အတွက် အိန္ဒိယက တတ်နိုင်တဲ့ နည်းမျိုးစုံနဲ့ ကူညီဖို့ အသင့်ပါလို့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီက သူ့ရဲ့ တွစ်တာမှာ ရေးခဲ့ပါတယ်။

တရုတ်အစိုးရ အနေနဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ် မတော်တဆမှုမှာ သေဆုံးရသူတွေ အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့လိုက်ကြောင်းနဲ့ ဒီမတော်တဆမှုအတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ အသင့်ပါပဲလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သတင်းပြန်ကြားရေး ဒုတိယ ညွှန်ကြားရေးမှူး ဟွာချွန်းရင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)