The Voice သတင်းစာ သရော်စာအမှု အာမခံ ပယ်ချခံရ

0
322

The Voice သတင်းစာက အယ်ဒီတာချုပ် ဦးကော်ျမင်းဆွေနဲ့ သရော်စာရေးသာသူ ဗြိတိသျှကိုကိုမောင် တို့ကို ပထမဆုံး ရုံးထုတ်ခဲ့ပြီး အာမခံလျှောက်ထားမှု ပယ်ချခံခဲ့ရပါတယ်။

သတင်းဓာတ်ပုံ – (LYNN BO BO/EPA)

“ကျည်ထောင်စုသစ္စာ” သရော်စာကို သတင်းစာမှာ ဖော်ပြပြီးနောက် Facebook ပေါ်မှာ တင်ခဲ့လို့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာရေးသားတဲ့ ဗြိတိသျှကိုကိုမောင် (ခ) ဦးကျော်စွာနိုင်ကို   တပ်မတော်က ဗိုလ်မှူးကြီးလင်းထွန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အခု တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး မီဒီယာတွေကလည်း မီဒီယာ လွတ်လပ်ခွင့် ရှုထောင့်ကနေ ဝေဖန်နေကြပါတယ်။ နိုင်ငံအနှံ့က စာနယ်ဇင်းသမားတွေက မီဒီယာ လွတ်လပ်ခွင့် Campage တွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)