တပ်မတော် လေယာဉ် ပျောက်ဆုံးချိန်မှာ ရာသီဥတု ဆိုးရွားခြင်း မရှိဘူးလို့ ဒေါက်တာ ထွန်းလွင် ပြော

0
296

တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် ပျောက်ဆုံးသွားချိန်မှာ မိုးလေဝသ အခြေအနေက တိမ်လည်း သိပ်မရှိသလို၊ ဆိုးဆိုးဝါးဝါး မိုးရွာတာလည်း မရှိ၊ မုန်တိုင်းလည်း မရှိဘူးလို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

လေယာဉ်နဲ့ အဆက်အသွယ် ရုတ်တရက် ပြတ်တောက်ချိန် မိုးလေဝသ အခြေအနေကို ပြန်ကြည့်ပြီး ဒေါက်တာ ထွန်းလွင်က RFA သတင်းဌာနကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် ပျောက်ဆုံးသွားပြီး မတော်တဆဖြစ်မှုနဲ့ ပတ်သက်လို့ ရှာဖွေ ကယ်ဆယ်ရေးတွေကို ဆက်တိုက် လုပ်နေပြီး အကြောင်းရင်းကို တပ်မတော်က ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေကတော့ အရာရှိ၊ စစ်သည် ၃၅ ဦး၊ ကလေးငယ် ၁၅ ဦး (ကျား ၆ ဦး၊ မ ၉ ဦး) ၊ လူကြီး ၅၈ ဦး (ကျား ၁၃ ဦး၊ မ ၄၅ ဦး) ဖြစ်ပါတယ်။ လေယာဉ် အမှုထမ်းကတော့ ၁၄ ဦး ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)