တပ်မတော် လေယာဉ် ပျက်ကျမှု ကူညီပေးမယ်လို့ လေယာဉ် တင်ပို့တဲ့ တရုတ် ကုမ္ပဏီ ကမ်းလှမ်း

0
338

တရုတ်အမျိုးသား လေကြောင်း နည်းပညာ သွင်းကုန် ပို့ကုန် ကော်ပိုရေးရှင် (CATIC) က မြန်မာ့တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် ပျက်ကျမှု အကြောင်းရင်း ရှာဖွေရေးမှာ အပြည့်အဝ ကူညီပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

CATIC ကုမ္ပဏီဟာ အခု ပျက်ကျသွားတဲ့ လေယာဉ်ကို တင်ပို့ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး လေယာဉ် Y-8 F 200 W ကို မနှစ်က မတ်လမှာ CATIC ကုမ္ပဏီက မြန်မာ့ လေတပ်မတော်ကို တင်ပို့ပေးပို့ခဲ့တာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)