တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် မတော်တဆမှု ပူပန်ဝမ်းနည်း ကြေကွဲကြောင်း သမ္မတရုံး ထုတ်ပြန်

0
264

စစ်သည်နဲ့ မိသားစုဝင် ၁၀၈ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၄ ဦး လိုက်ပါသွားတဲ့ တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် မတော်တဆမှု အတွက် သေဆုံးသူ၊ ပျောက်ဆုံးသူတွေရဲ့ မိသားစုတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ ထပ်တူထပ်မျှ ပူပန်ဝမ်းနည်းကြေကွဲရပါကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

မနေ့က ဇွန်လ ၇ ရက်နေ့မှာ မြိတ်ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ဟာ ထားဝယ်နားမှာ အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေကတော့ အရာရှိ၊ စစ်သည် ၃၅ ဦး၊ ကလေးငယ် ၁၅ ဦး (ကျား ၆ ဦး၊ မ ၉ ဦး) ၊ လူကြီး ၅၈ ဦး (ကျား ၁၃ ဦး၊ မ ၄၅ ဦး) ဖြစ်ပါတယ်။ လေယာဉ် အမှုထမ်းကတော့ ၁၄ ဦး ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇွန်လ ၈ ရက်နေ့ မနက် ၁၁ နာရီ အထိ ပျောက်ဆုံး တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်မှာ လိုက်ပါသွားတဲ့ ခရီးသည်တွေရဲ့ ရုပ်အလောင်း ၁၀ လောင်း ရှာဖွေ တွေ့ရှိထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)