တာချီလိတ် လေဆိပ်မှာ တရုတ်နိုင်ငံသား တစ်ဦးဆီက ရွှေတုံး ၄ တုံး ဖမ်းဆီးရမိ

0
277

တာချီလိတ် လေဆိပ်မှာ ရန်ကုန်ကို လိုက်ပါမယ့် တရုတ်နိုင်ငံသား ခရီးသည်တစ်ဦးရဲ့ ခြေအိတ်တွင်း ခြေဖဝါးအောက်မှာ ဝှက်ပြီး သယ်ဆောင်လာတဲ့ ၂ ဒသမ ၁၅ ကီလိုဂရမ်ရှိ ရွှေအတုံး ၄ တုံး (တန်ဖိုး ကျပ် ၉၇ သန်းကျော်ခန့်) သိမ်းဆည်းရမိခဲ့ပါတယ်။

Air KBZ လေကြောင်းလိုင်းနဲ့ လိုက်ပါမယ့် အဲဒီ တရုတ်နိုင်ငံသားကို ဇွန်လ ၆ ရက်နေ့မှာ တာဝန်ကျ အကောက်ခွန် ပူးပေါင်း စစ်ဆေးရေးအဖွဲ့တွေက စစ်ဆေးစဉ် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)