လူသားချင်း စာနာထောက်ထားရေး ကိစ္စတွေအတွက် ကနေဒါက မြန်မာကို ဒေါ်လာ ၈ ဒသမ ၈ သန်း ပေးမယ်

0
317

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု မြှင့်တင်ရေးနဲ့ လူသားချင်း စာနာထောက်ထားရေး ကိစ္စတွေအတွက် ကနေဒါက မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၈ ဒသမ ၈ သန်း ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံကို တရားဝင် ချစ်ကြည်ရေး ခရီး ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရုဒူးတို့ မနေ့က ဇွန်လ ၇ ရက်နေ့မှာ တွေ့ဆုံပြီးနောက် ကနေဒါက အဲဒီလို ကတိပြုလိုက်တာ ဖြစ်ပါတယ်။

မြန်မာ-ကနေဒါ ဆက်ဆံမှု တိုးတက်ရေး၊ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်ရေး၊ အမျိုးသမီးနဲ့ လူငယ်တွေ အခန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ခေတ်မီစိုက်ပျိုးရေး နည်းပညာ ပံ့ပိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ ကနေဒါရောက် မြန်မာကိုယ်စားလှယ် အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)