ပျောက်ဆုံး ပျက်ကျ Y-8 လေယာဉ် အစိတ်အပိုင်းနဲ့ ရုပ်အလောင်း ၃ လောင်း စတင်တွေ့ရှိ

0
318

မြိတ် လေတပ်စခန်းဌာနချုပ်ကနေ ရန်ကုန်ကို ပျံသန်းလာစဉ် မနေ့က ဇွန်လ ၇ ရက်နေ့မှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားတဲ့ တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် Y-8 ရဲ့ အစိတ်အပိုင်း တချို့နဲ့ ရုပ်အလောင်း ၃ လောင်း စတင်တွေ့ရှိရတယ်လို့ ဒီမနက် ၉ နာရီခွဲခန့်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇွန်လ ၈ ရက်နေ့ မနက် ၈ နာရီကျော်မှာ ကျောက်နီမော် ကျေးရွာ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင်အတွင်း ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့တွေက ရှာဖွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

လေယာဉ်ဘီးလို့ ယူဆရာတဲ့ တာရာကွင်းတစ်ခု၊ အမျိုးသား အလောင်း ၁ လောင်း၊ အမျိုးသမီး အလောင်း ၁ လောင်း၊ ကလေး အလောင်း ၁ လောင်း၊ အသက်ကယ်အင်္ကျီ ၂ ထည်၊ အဝတ်အစားထည့်တဲ့ အိတ်တချို့ ဆယ်ယူရရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်မှာ စစ်သည်နဲ့ မိသားစုဝင် ၁၀၈ ဦး၊ လေယာဉ်အမှုထမ်း ၁၄ ဦး၊ စုစုပေါင်း ၁၂၂ ဦး လိုက်ပါလာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)