လွှတ်တော်တက်မယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေမှာ COVID-19 ရောဂါပိုးမတွေ့

0
222

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက်ကြမယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်မှု အထောက်အကူပြုအဖွဲ့ကို COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးစစ်ဆေးတာ၊ ဓာတ်ခွဲစစ်ဆေးဖို့အတွက်၊ ဓာတ်ခွဲနမူနာတွေကို ရယူပြီး နေပြည်တော် တပ်မတော်ဆေးရုံကြီးမှာရှိတဲ့ Cobas 6800 စက်နဲ့ စစ်ဆေးခဲ့ရာမှာ ရောဂါပိုးမတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၄ ဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၆၁ ဦး၊ အုပ်ချုပ်မှု အထောက်အကူပြုအဖွဲ့တွေဖြစ်တဲ့ ရုံးတာဝန်ကျ ၄ ဦး၊ စားရိပ်သာ တာဝန်ကျ ၂၆ ဦး၊ ယာဉ်မောင်း ၁၁ ဦး၊ ဆေးအကာအကွယ် တာဝန်ကျ ၃ ဦး၊ စုစုပေါင်း ၂၁၉ ဦးတို့ကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

_________________

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)