မြေမြှုပ်မိုင်းတွေ အသုံးပြုခြင်းဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ မွန်အရပ်ဘက် လူမှုအဖွဲ့အစည်းထုတ်ပြန်

0
234

လူမဆန်တဲ့ မြေမြှုပ်မိုင်းတွေနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်ဖို့အတွက် ဆက်လက် သုံးစွဲနေတာဟာ လူမဆန်ဘဲ သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ မွန်အမျိုးသား အရပ်ဘက် လူမှုအဖွဲ့အစည်းများကွန်ရက် က မေလ ၈ ရက်နေ့မှာ သဘောထားကြေညာချက် ကို ထုတ်ပြန် ခဲ့ပါတယ်။

မေလ ၄ ရက်နေ့က ရေးမြို့နယ်၊ ဟံဂံကျေးရွာနေ နိုင်ထွန်း အသက် ၃၇ နှစ် ဟာ ဥယျာဉ်ခြံမြေမှ အပြန် မြေမြှုပ်မိုင်း နင်းမိတဲ့အတွက် ညာခြေတစ်ဘက် ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီပတ်ဝန်းကျင်မှာဘဲ ပြီးခဲ့တဲ့ ၁၂ လ အတွင်း မြေမြှုပ်မိုင်းနင်းမိကာ ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရသူပေါင်း ၉ ဦး အထိရှိခဲ့တာ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်း နင်းမိတာတွေက ရေးမြို့နယ်နဲ့ ရေဖြူမြို့နယ်တွေမှာပဲ ဖြစ်ပွားနေတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း မြေမြှုပ်မိုင်းနင်းမိလို့ မွန်လူမျိုး အရပ်သားနှစ်ဦး ခြေထောက်ဖြတ်လိုက်ရတယ်လို့ မွန်အမျိုးသား အရပ်ဘက် လူမှုအဖွဲ့အစည်းများကွန်ရက်ရဲ့ သဘောထားကြေညာချက်မှာဖော်ပြထားပါတယ်။

_________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)