ဒေါ်အောင်ဆန်းစုကြည် Honorary Freedom of The City Award of London ဆု လက်ခံရယူ

0
271

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မြို့တော်က ပေးအပ်တဲ့ အမြင့်ဆုံးဆု တစ်ခုဖြစ်တဲ့ Honorary Freedom of The City Award of London ဆုကို လက်ခံ ရယူခဲ့ပါတယ်။

မေလ ၈ ရက်နေ့ ဒေသစံတော်ချိန် ၁၁ ခွဲက လန်ဒန်မြို့ရှိ Guildhall မှာ လက်ခံရယူခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပါအ၀င် ကမ္ဘာ့နိုင်ငံရေး စင်မြင့်မှာ ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်မှုတို့အတွက် ပေးအပ် လန်ဒန်မြို့က ပေးအပ်ချီးမြှင့်ခဲ့တာပါ။

အဲ့ဒီဆုကို အရင်က ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ တောင်အာဖရိက သမ္မတ နိုင်ငံ သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၊ ကမ္ဘာကျော်သိပ္ပံ ပညာရှင် ပါမောက္ခစတီဗင် ဟော့ကင်းနဲ့ ဗြိတိန်နိုင်ငံ ဝေလမင်းသမီး ဒိုင်ယာနာတို့လည်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)