ဘေးအန္တရာယ် ကျရောက်စဉ် သေဆုံးနှုန်း မြင့်မားမှု လျှော့ချရေး အာဏာပိုင်တွေ ပူးပေါင်းဖို့လို

0
310

ဘေးအန္တရာယ် ကျရောက်စဉ်ကာလ သေဆုံးနှုန်း မြင့်မားမှု လျှော့ကျဖို့ အာဏာပိုင် အဖွဲ့အစည်းတွေက ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ နိုင်ငံတော်သမ္မတက တိုက်တွန်း ပြောကြား လိုက်ပါတယ်။

ဒီကနေ့ မေလ ၈ ရက်နေ့၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II) မှာ ပြုလုပ်တဲ့  ၂၀၁၇ ခုနှစ် ကမ္ဘာ့ ကြက်ခြေနီနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ဘေးအန္တရာယ်ဖြစ်ပွားမှုအတွင်း လူသေဆုံးမှုမြင့်မားနေတဲ့အပေါ် ကြက်ခြေနီအသင်း တစ်ခုတည်းနဲ့ ဆောင်ရွက်ဖို့ မဖြစ်နိုင်ပဲ အာဏာပိုင် အဖွဲ့အစည်းတွေ၊ လူမှုရေးကရုဏာအဖွဲ့အစည်းတွေနဲ့  ပြည်သူလူထု အတူလက်တွဲ ပူးပေါင်း ဆောင်ရွက် ကျ ဖို့ တိုက်တွန်းပြောကြားခဲ့တာပါ။

လက်ရှိအခြေအနေမှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီဖက် ဒရေးရှင်းက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ ဘေးဒုက္ခခံစားရ သူပေါင်း (၁၂) သန်းကျော်ရှိပြီး အသက်ဆုံးရှုံးသူ ၁ သိန်း ၄ သောင်းနီးပါး ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)