မြန်မာနိုင်ငံမှာ ဘေးဒုက္ခခံစားရသူ ၁၂ သန်းကျော်ရှိပြီး အဲ့ဒီထဲက ၁ သိန်းခွဲနီးပါး သေဆုံးနေ

0
257

မြန်မာနိုင်ငံမှာ ဘေးဒုက္ခခံစားရ သူပေါင်း (၁၂) သန်းကျော်ရှိပြီး အသက်ဆုံးရှုံးသူ ၁ သိန်း ၄ သောင်းနီးပါး ရှိနေတယ်လို့  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီဖက်ဒရေးရှင်းက ပြောကြား လိုက်ပါတယ်။

၂၀၁၆ ခုနှစ်အတွက် အဲ့ဒီအဖွဲ့ကြီးက ထုတ်ပြန်တဲ့ ကမ္ဘာ့ ဘေးဒုက္ခဆိုင်ရာ အစီရင်ခံစာမှာ အဲ့ဒီလို ဖော်ပြလာတာပါ။ ဒီအစီရင်ခံစာကို ၂၀၀၆ ခုကနေ ၂၀၁၆ ခုနှစ်အထိ (၁၀) နှစ် အတွင်း အချက် အလက်တွေကို စုစည်းပြီး အဲ့ဒီလို ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီအစီရင်ခံစာပါ ကိန်းဂဏန်းတွေအရ ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဘေးဒုက္ခမျိုးစုံကြောင့် လူသန်းပေါင်း (၁၉၀၀) ကျော် ဘေးဒုက္ခဒဏ်ခံစားခဲ့ရပြီး လူပေါင်း ၇ သိန်းနီးပါး အသက်ဆုံးရှုံခဲ့ရကာ အဲ့ဒီထဲက ၇၉ % လောက်ဟာ မြန်မာနိုင်ငံ ပါဝင်တဲ့ အာရှဒေသက ဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)