ကာကွယ်ဆေးအတွက် ကလေးတစ်ယောက်ကို ဒေါ်လာ ၅၀ အထက် အစိုးရအသုံးပြုမယ်

0
299

ကာကွယ်ဆေးအတွက် ကလေးတစ်ယောက်ကို ဒေါ်လာ ၅ဝ နဲ့အထက် နိုင်ငံတော်အစိုးရက အသုံးပြုသွားဖို့ရှိနေပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်က စတင်ပြီး အစိုးရက အဲ့ဒီလို အပြည့်အ၀ တာဝန်ယူဖို့ ရှိနေတာလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက အဲ့ဒီလို ပြောကြား လိုက်တာပါ။

ဒီလို ကာကွယ်ဆေးထိုးပေးမယ့် လုပ်ငန်းစဉ်မှာတော့ ကလေးငယ်တွေအတွက် ဂျပန်ဦးနှောက်ရောင်ရောဂါနဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအပါအ၀င် ကာကွယ်ဆေး  ၁၃ မျိုးကို ထိုးပေးသွားဖို့ရှိနေတာပါ။

လက်ရှိအခြေအနေမှာတော့ မွေးကင်းစကနေ ဆယ်ကျော်သက်အရွယ်အထိ ကာကွယ်ဆေး ၁ဝ မျိုးကို ကလေးငယ်တစ်ဦးအတွက် နိုင်ငံတော်က ၄၃ ဒေါ်လာဝန်းကျင် အကုန်အကျခံပြီး ထိုးပေးနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)