လူနာအမှတ် ၁၇ နဲ့ အမှတ် ၁၆ တို့ ကွယ်လွန်

0
150

ဒီနေ့ ဧပြီလ ၈ ရက်နေ့မှာ ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးက လူနာ အမှတ် ၁၇ နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေတဲ့ အသက် ၆၃ နှစ်အရွယ် လူနာအမှတ် ၁၆ တို့ ကွယ်လွန်သွားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ မကွေးတိုင်းဒေသကြီးက ပြည်သူသုံးဦးနဲ့ အွန်လိုင်းက ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားသွားတာပါ။

လူနာအမှတ် ၁၆ က ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါအခံ ရှိသူ ဖြစ်ပါတယ်။ လူနာအမှတ် ၁၇ ရဲ့ ဇနီး သူနာပြုဆရာမလည်း လူနာအမှတ် ၁၅ အဖြစ် COVID-19 လူနာအဖြစ် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူနေ ရတာဖြစ်ပါတယ်။ အခု ကွယ်လွန်သွားတဲ့ လူနာအမှတ် ၁၇ နဲ့ ကလေးတွေဟာ ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှာ ကုသမှုခံယူ နေရတာပါ။

COVID-19 ရောဂါ ကူးစက်ခံရမှုကြောင့် ကြပ်မတ်ကုသပေးနေရတဲ့ လူနာတွေထဲက သေဆုံးသူ စုစုပေါင်း ၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)