
0
384




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ARSA အကြမ်းဖက် အဖွဲ့ဝင်တစ်ဦး ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ နယ်မြေ (၂) အတွင်းမှာ ARSA အကြမ်းဖက်အဖွဲ့ဝင် တစ်ဦးကို ဒုရဲအုပ် စည်သူအောင် ဦးဆောင်တဲ့ နယ်မြေလုံခြုံရေး အဖွဲ့က ဖမ်းမိခဲ့ပါတယ်။

မတ်လ ၃၀ ရက်နေ့က မင်္သကာဖွယ် လူ ၁ ဦးကို ဖမ်းဆီး စစ်ဆေးခဲ့ရာမှာ ဘူးသီးတောင်မြို့နယ်၊ ယင်းမကျောင်းတောင် ကျေးရွာနေ အိုစမန်ဂေါ်နီ (ခ) အိုစမာ (၂၀ နှစ်) ဖြစ်ကြောင်း၊ သူဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က တောင်ဘဇာ နယ်မြေရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာမှာ ပါဝင်ခဲ့လို့ အလိုရှိနေတဲ့ တရားခံပြေးဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ပါတယ်။

တိုက်ခိုက်မှုမှာ ပါဝင်ပြီးနောက် အိုစမာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင် ဒုက္ခသည်စခန်းမှာ သွားရောက် ခိုလှုံခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ARSA အဖွဲ့ထဲ ဝင်ရောက်ပြီး အကြမ်းဖက်သင်တန်း ၂ လ တက်ရောက်ခဲ့ပါတယ်။ သင်တန်းကာလမှာ တစ်ဦးကို တာကာငွေ ၅ ထောင် ထောက်ပံ့ကြေး ရရှိခဲ့ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)