LGBTအသိပညာေပးလုပ္ေဆာင္ေနတဲ့ ၿမိဳ႕နယ္ေတြအနီးက အျခားၿမိဳ႕နယ္ေတြမွာ ဖိႏွိပ္မႈျမင့္တက္

0
198

LGBT အသိပညာေပးေဆာင္ရြက္ေနတ့ဲ ၿမိဳ႕နယ္ ၆ၿမိဳ႕နယ္မွာ LGBTေတြကို ဖိႏွိပ္မႈေလ်ာ့က်သြားေပမယ့္ စီမံကိန္းၿမိဳ႕နယ္အနီးရွိ ၿမိဳ႕နယ္ေတြမွာ ျဖစ္ပြားမႈျမင့္တက္လာတာေတြရွိတယ္လို႔ Colour Rainbow က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္စိုင္းဟန္က ေပးပို႔ထားပါတယ္။

LGBT ေတြ အေပၚ ဖိႏွိပ္မႈေတြ ေလ်ာ့က်သြားေစဖို႔ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္ ၆ခုမွာ MyJustic ပံ့ပိုးမႈအစီအစဥ္နဲ႔ Colour Rainbow က စီမံကိန္းျပဳလုပ္တ့ဲ ၿမိဳ႕နယ္ေတြမွာ ဖိႏွိပ္မႈေတြ ေလ်ာ့က်သြားေပမယ့္ စီမံကိန္း အနီးဝန္းက်င္နဲ႕ အျခားၿမိဳ႕နယ္ေတြမွာ ဖိႏွိပ္မႈေတြျမင့္တက္လာတာေတြရွိတယ္လို႔ Colour Rainbow က ကေျပာပါတယ္။

ဧၿပီလ၅ရက္က ရန္ကုန္ၿမိဳ႕ Park Royal ဟိုတယ္မွာ က်င္းပတဲ့ ရန္ကုန္ၿမိဳ႕နယ္အတြင္းရွိ LGBT အသိုက္အ၀န္းအတြင္း လူအခြင့္အေရးႏွင့္ တရားဥပေဒစိုးမိုးမႈရွိေရး စီမံကိန္း အစီရင္ခံစာထုတ္ျပန္ခဲ့တာပါ။

Soundbite- ေဒၚခင္မမေအး (အမႈေဆာင္ဒါ႐ိုက္တာ)Colour Rainbow

ဒါ့အျပင္ ၿမိဳ႕နယ္ ၆ၿမိဳ႕နယ္မွာ လုပ္ေဆာင္ထားတ့ဲ အခ်က္အလက္ကို မူတည္ၿပီး ေနာက္ပိုင္းမွာ LGBT အသိုက္အဝန္းအတြင္း တရားဥပေဒစိုးမိုးမႈရွိၿပီး လူ႔အခြင့္အေရးျမွင့္တင္မႈေတြ ဆက္လက္ လုပ္ေဆာင္သြားမယ္လို႔လည္း ေျပာပါတယ္။

Soundbite – လွျမတ္ထြန္း (Deputy Director) Colour Rainbow

Colour Rainbow ကေနၿပီး လူအခြင့္အေရးျမွင့္တင္ေရးနဲ႕ တရားဥပေဒစိုးမိုးေရးစီမံကိန္းကို သန္လ်င္ၿမိဳ႕နယ္(တညင္)၊ သာေကတၿမိဳ႕နယ္၊ လိႈင္သာယာၿမိဳ႕နယ္ ၊ေရႊျပည္သာၿမိဳ႕နယ္၊ တာေမြၿမိဳ႕နယ္ ေတာင္ဥကၠလာပတို႔မွာ ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး ၂၀၁၅-၂၀၁၈ခုႏွစ္ အတြင္း အမႈေပါင္း ၈၁၅ မႈကို အကူအညီ ေပးႏိုင္ခ့ဲတယ္လို႔ ေျပာပါတယ္ ခင္ဗ်ာ။

LGBT အသိပညာပေးဆောင်ရွက်နေတဲ့ မြို့နယ် ၆မြို့နယ်မှာ LGBTတွေကို ဖိနှိပ်မှုလျော့ကျသွားပေမယ့် စီမံကိန်းမြို့နယ်အနီးရှိ မြို့နယ်တွေမှာ ဖြစ်ပွားမှုမြင့်တက်လာတာတွေရှိတယ်လို့ Colour Rainbow က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။

LGBT တွေ အပေါ် ဖိနှိပ်မှုတွေ လျော့ကျသွားစေဖို့ ရန်ကုန်မြို့ရှိ မြို့နယ် ၆ခုမှာ MyJustic ပံ့ပိုးမှုအစီအစဉ်နဲ့ Colour Rainbow က စီမံကိန်းပြုလုပ်တဲ့ မြို့နယ်တွေမှာ ဖိနှိပ်မှုတွေ လျော့ကျသွားပေမယ့် စီမံကိန်း အနီးဝန်းကျင်နဲ့ အခြားမြို့နယ်တွေမှာ ဖိနှိပ်မှုတွေမြင့်တက်လာတာတွေရှိတယ်လို့ Colour Rainbow က ကပြောပါတယ်။

ဧပြီလ၅ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ ရန်ကုန်မြို့နယ်အတွင်းရှိ LGBT အသိုက်အဝန်းအတွင်း လူအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးမှုရှိရေး စီမံကိန်း အစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။

Soundbite- ဒေါ်ခင်မမအေး (အမှုဆောင်ဒါရိုက်တာ)Colour Rainbow

ဒါ့အပြင် မြို့နယ် ၆မြို့နယ်မှာ လုပ်ဆောင်ထားတဲ့ အချက်အလက်ကို မူတည်ပြီး နောက်ပိုင်းမှာ LGBT အသိုက်အဝန်းအတွင်း တရားဥပဒေစိုးမိုးမှုရှိပြီး လူ့အခွင့်အရေးမြှင့်တင်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

Soundbite – လှမြတ်ထွန်း (Deputy Director) Colour Rainbow

Colour Rainbow ကနေပြီး လူအခွင့်အရေးမြှင့်တင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးစီမံကိန်းကို သန်လျင်မြို့နယ်(တညင်)၊ သာကေတမြို့နယ်၊ လှိုင်သာယာမြို့နယ် ၊ရွှေပြည်သာမြို့နယ်၊ တာမွေမြို့နယ် တောင်ဥက္ကလာပတို့မှာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၁၅-၂၀၁၈ခုနှစ် အတွင်း အမှုပေါင်း ၈၁၅ မှုကို အကူအညီ ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ် ခင်ဗျာ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)