ပတ္တမြားစီမံကိန်း ပိတ်ထားတဲ့ကာလ ရန်ကုန်မှာ မီးမပြတ်အောင် စီစဉ်ပေးမယ်

0
291

သဘာဝ ဓာတ်ငွေ့သိုက် ပတ္တမြားစီမံကိန်းရဲ့ ပြင်ဆင်မှု လုပ်ငန်းတချို့ကြောင့် သင်္ကြန်ကာလမှာ ၉ ရက်လောက် လျှပ်စစ်မီး ပြတ်ဖို့ ရှိပေမယ့် ပြည်တွင်းသုံး သဘာဝ ဓာတ်ငွေ့ ပို့လွှတ်ဖို့ စီစဉ်နေပါတယ်။

ရန်ကုန်မြို့မှာ ဧပြီ ၁၂ ရက်ကနေ ၁၆ ရက်အထိ၊ ဧပြီ ၂၉ ကနေ ၃၀ ရက်အထိနဲ့ မေ ၂၀ ကနေ ၂၁ ရက်အထိ စုစုပေါင်း ၉ ရက် အလှည့်ကျ လျှပ်စစ်မီးပြတ်တောက်မယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က မနေ့က ပြောခဲ့ပါတယ်။

ဒါပေမယ့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင်က သဘာဝ ဓာတ်ငွေ့ အစားထိုး လွှတ်ပေးမှာ ဖြစ်တယ်လို့  ဒီနေ့မှာ ဆင်ဟွာ သတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)