ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖော ဥက္ကဋ္ဌ အဖြစ် ပြန်အရွေးခံရ

0
287

ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ဗဟိုကော်မတီဝင် ၅၅ ဦးကို ရွေးချယ်ပြီးနောက် ဥက္ကဋ္ဌနေရာအတွက် မဲပေးရာမှာ ရေပန်းစားနေတဲ့ နော်စီဖိုးရာစိန်နဲ့ စောဘောကျော်ဟဲတို့ မနိုင်ဘဲ စောမူတူးစေးဖောသာ ဥက္ကဋ္ဌ အဖြစ် အရွေးခံရပါတယ်။

၁၆ ကြိမ်မြောက် KNU ကွန်ဂရက်ကနေ မနေ့က ဧပြီ ၇ ရက်နေ့မှာ ရွေးချယ်လိုက်သူတွေကတော့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖော၊ ဒု ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒို့မူ၊ အတွင်းရေးမှူး (၁) ပဒိုဆဲဘွယ်၊ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းတို့ ဖြစ်ပါတယ်။

စောမူတူးစေးဖောဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး စာချုပ် ချုပ်ထားတဲ့အပေါ်ကို လိုလားနှစ်သက်သူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)