ဥပဒေကို ချိုးဖောက်ပြီး NLD မဲဆွယ်တယ်လို့ USDP စွပ်စွဲ

0
271

 

ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဲဆွယ်ခဲ့တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က စွပ်စွဲလိုက်ပါတယ်။

မတ်လ ၃၁ ရက်နေ့ဟာ မဲဆွယ် စည်းရုံးခွင့် မရှိတဲ့နေ့ ဖြစ်ပေမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ မတ်လ ၃၀ ရက်နေ့မှာ အစိုးရ ရုပ်သံကနေ မိန့်ခွန်းပြောခဲ့ပြီး မတ်လ ၃၁ ရက်နေ့မှာ အစိုးရသတင်းစာတွေကနေ အပြည့်အစုံဖော်ပြတဲ့အတွက် ဥပဒေချိုးဖောက်တာလို့ စွပ်စွဲထားပြီး အဲဒီ စွပ်စွဲချက်ကို တခြား နိုင်ငံရေးပါတီ ၁၁ ခုနဲ့ ပူးတွဲကြေညာတာ ဖြစ်ပါတယ်။

ဒါ့အပြင် NLD နာယက ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဝင်းထိန်တို့ကလည်း အစိုးရမီဒီယာတွေကနေတဆင့် ပြောကြားခဲ့သေးတာကြောင့် သွယ်ဝိုက် မဲဆွယ်တယ်လို့လည်း USDP နဲ့ နိုင်ငံရေးပါတီတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး တစ်ဖက်သတ် အသာစီး ယူတာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်းကြားမယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)