စက်သုံးဆီ ရောင်းချတဲ့လုပ်ငန်း နိုင်ငံခြားသား လုပ်ငန်းရှင်တွေကို ခွင့်ပြုမယ်

0
327

စက်သုံးဆီ ရောင်းချတဲ့ လုပ်ငန်းမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။

မူဝါဒ အပြောင်းအလဲအရ စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှု လုပ်ငန်းမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို ခွင့်ပြုလိုက်တာ ဖြစ်ကြောင်းနဲ့ လက်ရှိအခြေအနေမှာတော့ မူဝါဒအားဖြင့် ထုတ်ပြန်ကြေညာတဲ့ အဆင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးကို ကိုးကားပြီး မြန်မာတိုင်းမ် သတင်းစာက ဖော်ပြပါတယ်။

ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြားသားတွေဟာ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနနဲ့ အရင်ညှိနှိုင်းရမှာပါ။ ပြီးမှ MIC မှာ အဆိုပြုလွှာ တင်ရမှာ ဖြစ်ပါတယ်။

စက်သုံးဆီ ရောင်းချမှုမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံခွင့်ကို ပိတ်ပင်ခဲ့ပြီး နိုင်ငံသားများကိုသာ ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေကို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု မပေးဖို့နဲ့ ဈေးကွက်ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်တဲ့အထိ ဆိုင်းငံ့ပေးထားဖို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက တောင်းဆိုမယ်လို့လည်း ဒီနေ့ထုတ် မြန်မာတိုင်းမ်သတင်းစာမှာ ဆက်လက် ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)