အမှိုက်မှ စွမ်းအင်ထုတ် စက်ရုံ စတင် ဖွင့်လှစ်

0
334

 

ဂျပန်နဲ့ မြန်မာတို့ ပူးပေါင်း အကောင်အထည် ပေါ်တဲ့ အမှိုက်ကနေ စွမ်းအင် ထုတ်လုပ်တဲ့ စက်ရုံကို ရန်ကုန်တိုင်းမှာ စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။  

ဂျပန် နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးတွဲ အကောင်းအထည် ဖော်တဲ့ Waste to Energy စက်ရုံကို မင်္ဂလာဒုံနဲ့ ရွှေပြည်သာ မြို့နယ်ကြား လှော်ကားလမ်းဘေးမှာ ၂၀၁၅ ခုနှစ်ကစပြီး အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

တစ်ရက်ကို အမှိုက် တန် ၆၀ မီးရှို့နိုင်ပြီး တစ်နာရီကို လျှပ်စစ်ဓာတ်အား ၇၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်ပါတယ်။ ၄၀၀ ကီလိုဝပ်ကိုတော့ စက်ရုံ လည်ပတ်ဖို့ ပြန်သုံးမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ တစ်ရက်ကို အမှိုက်တန်ချိန် ၂၅၀၀ ကျော် ထွက်ရှိပါတယ်။ အခု စက်ရုံမှာတော့ မင်္ဂလာဒုံမြို့နယ်က ထွက်ရှိတဲ့ အမှိုက် ၇၂ တန်ကို အသုံးပြုမှာ ဖြစ်ပြီး မီးလောင်နိုင်တဲ့ အမှိုက်နဲ့ မလောင်နိုင်တဲ့ အမှိုက် ခွဲခြားပစ်ပေးကြဖို့ ပညာပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)