မုံရွာမှာကျွန်းပြားတွေသယ်လာတဲ့ ကားတစ်စီး ဖမ်းဆီးရမိ

0
262

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အောင်ချမ်းသာ ရပ်ကွက်ပြည်ထောင်စုလမ်းပေါ်မှာ ဧပြီလ(၈)ရက်နေ့ မနက်၈နာရီ ကျော်လောက်က ကျွန်းပြားတွေသယ်လာတဲ့ ကားတစ်စီး ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြိ့အမှတ်(၁)ရဲစခန်းက MCNသတင်းဌာနကိုအတည်ပြုပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ကားဟာဆိုရင် Light Truck ကား 8B/9529 ဖြူဝါကြားဖြစ်ပြီး အဲဒီကားပေါ်မှာ တရားမဝင် ကျွန်းသစ်ပေပြား အချပ်ရေ(၆၂)ချပ်(၀့၆၉၁၄)တန် ကိုဖမ်းဆီးရမိခဲ့တာ လို့မုံရွာမြို့အမှတ်(၁)ရဲစခန်းက တာဝန်ရှိသူတွေက ပြောပါတယ်။

တရားမဝင် ကျွန်းသစ်တွေသယ်ဆောင်လာတဲ့ ကိုကျော်ဇင်အောင်မှာမုံရွာမြို့၊အလုံရပ်ကွက် မှာနေထိုင်သူဖြစ်ပြီး မုံရွာမြို့အမှတ်(၁)ရဲစခန်း ကဒုရဲအုပ်ကျော်ကျော်က မုံရွာမြို့မရဲစခန်းမှာ တရားလိုပြုလုပ်ပြီး အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)