မင်္ဂလာဆောင်က ပြန်လာတဲ့ စက်လှေတိမ်းမှောက် မှုကြောင့် အယောက် ၂၀ သေဆုံး

0
313

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ င၀န်မြစ်အတွင်းမှာ မနေ့က ည ၇ နာရီခွဲအချိန်ခန့်က မင်္ဂလာဆောင်ကနေ ပြန်လာတဲ့ စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။

တမံချောင်းကမ်းနီးကျေးရွာကနေ ပုသိမ်မြို့ကို မင်္ဂလာဆောင်ကို လာရောက်တဲ့ စက်လှေ တိမ်းမှောက်ခဲ့တာဖြစ်ပြီး အဲဒီစက်လှေမှာ ရွာသားအယောက် ၆၀ လောက်ပါဝင်ပါတယ်။

စက်လှေတိမ်းမှောက်မှုကြောင့် အမျိုးသမီး ၁၆ ဦး၊ ငါးနှစ်အောက် ၁ ဦး၊ ၁၆ နှစ်အောက် ၂ ဦး၊ ယောက်ျားလေး တစ်ဦး စုစုပေါင်း အယောက် ၂၀ ကို အသေရှာဖွေ တွေ့ရှိထားပါတယ်။

အသက်ရှင်သူများကို ကယ်ဆယ်နိုင်ခဲ့ပြီး ပုသိမ်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူလျက်ရှိပါတယ်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီကနေ့ မနက်ပိုင်းမှာ သေဆုံးသူ ၂၀ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သုံးသိန်းစီ၊ ဆေးရုံတက်ကုသနေသူ လူနာ ၃၀ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ငါးသောင်းစီ ထောက်ပံ့ ပေးအပ်ကူညီခဲ့ပါတယ်။

အသက်ရှင်လျက် ၃၀ ဦး နဲ့ ပျောက်ဆုံးသူ ၁၂ ဦး ရှိနေပြီး အခုချိန်ထိ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေလျက် ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)