တရားရင်ဆိုင်နေတဲ့ ကျောင်းသားများသာ လွတ်မြောက်လာခြင်းဖြစ်တယ်လို့ ကိုဘိုကြည်က ပြောကြား

0
352

အမျိုးသားပညာရေဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့တဲ့ကျောင်းသားတွေကိုအရင်အစိုးရက ပုဒ်မတွေအမျိုးမျိုးတပ်ပြီး ဖမ်းဆီးကာ တရားဆွဲဆိုမှုများ ပြုလုပ်နေခဲ့ရာမှာ တစ်နှစ်ကျော်နီးပါး ရှိခဲ့ပြီး တရားမျှတတဲ့ ဥပဒေအတိုင်း လုပ်ဆောင်ခြင်းမရှိပဲ အကျဉ်းထောင်အတွင်း ထားရှိခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၅ရွေးကောက်ပွဲအပြီးမှာတော့ အရပ်သားအစိုးရသစ် တက်ရောက်လာပြီးတဲ့ အခါမှာတော့ နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်က ဒီကနေ့မှာပဲ ဖမ်းဆီးခံကျောင်းသားများထဲက ၅၄ဦးကို တရားရင်ဆိုင်နေမှုများအားလုံး အမှုပိတ်သိမ်းပြီး ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်၊၊

လက်ရှိမှာ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း၅၀၀ကျော်ရှိနေပြီး ဒီကနေ့ လွတ်မြောက်လာတဲ့ ကျောင်းသားများဟာ တရားရင်ဆိုင်နေတဲ့ ကျောင်းသားများဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှတွဲဖက် အတွင်းရေးမှုး ကိုဘိုကြည်က MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းမှုမှာ ပြောကြားလိုက်တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)