မလိုအပ်တဲ့ ဂုံးကျော်တံတားတွေ ဆောက်လုပ်မည်မဟုတ်

0
784

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်အစိုးရလက်က ခွင့်ပြုခဲ့တဲ့ လမ်းတံတားစီမံကိန်းများ၊ အိမ်ယာဖွံ့ဖြိုးမှုစီမံကိန်းတွေ လုပ်ဆောင်ခဲ့ရာမှာ ဂုံးကျော်တံတားတွေကို မြောက်ဥက္ကလာပလမ်းဆုံနဲ့ ချော်တွင်းကုန်း လမ်းဆုံနေရာတွေမှာ ဆောက်လုပ်ဖို့ စီစဉ်ခဲ့တာပါ။ ဒီဂုံးကျော်တံတားတွေဟာ မလိုအပ်တဲ့အတွက် ဆောက်မှု မပြုလုပ်တော့ဘဲ ကုန်ကျမယ့်ငွေကျပ်၃၁ဘီလျံကျော်ကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာနယ်နမိတ်ပြင်ပမှာ ရှိတဲ့ ဒေသတွေအတွက် လမ်းတွေဖောက်လုပ်ပေးခြင်းအပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း တွေကိုမြို့နယ် ၁၂မြို့နယ်အတွက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ယခင်အစိုးရ လက်ထက်က ခွင့်ပြုခဲ့တဲ့စီမံကိန်း လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ဘတ်ဂျက်သုံးဆွဲ ခဲ့မှုတွေကိုလည်း ကော်မတီအနေနဲ့ စစ်ဆေးပြီး လုပ်ငန်းတွေ ဆက်လက်အကောင်အထည် ဖော်သွားမှာလည်း ဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၇) ရက် ကြာသပတေးနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)