၂၀၁၅-၂၀၁၆ ခုနှစ် ပြည်ပကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀၀ ကျော်ရှိ

0
320

၂၀၁၅-၂၀၁၆ ခုနှစ် ဧပြီလမှ ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ပြည်ပကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀၀ ကျော်ရှိတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့က သတင်းထုတ်ပြန်လာ ပါတယ်။ ဧပြီလ ၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလာတဲ့ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၅-၂၀၁၆ ခုနှစ် ဧပြီလမှ ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၅၀၀၀ ကျော် ရှိခဲ့တာပါ။ အဲ့ဒီထဲမှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်တန်ဘိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၀၀၀ ကျော်သာ ရှိခဲ့ပြီး သွင်းကုန်တန်ဘိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀၀ ခွဲရှိနေတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၇) ရက် ကြာသပတေးနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)