နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဦးဇော်ဌေး (ခ) မှူးဇော်ကို ခန့်အပ်

0
260

ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဦးဇော်ဌေး (ခ) မှူးဇော်ကို ခန့်အပ်လိုက်ပါတယ်။ ပြောရေး ဆိုခွင့်ရှိသူဖြစ်လာတဲ့ ဦးဇော်ဌေးကတော့ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပါတီ ဥက္ကဌ တာဝန်ယူထားတဲ့ NLD ပါတီပါတီကိစ္စတွေနဲ့ နိုင်ငံခြားဝန်ကြီးဌာနနဲ့ ဆက်စပ်တဲ့ အရေးကိစ္စတွေမှာ ပြောရေးဆိုခွင့် မရှိပဲ သမ္မတရုံးဝန်ကြီးဌာနရဲ့ ကိစ္စရပ်တွေကိုသာ ပြောရေးဆိုခွင့် ရှိတယ်လို့ သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။ ဒါ့အပြင် သမ္မတရုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရ သမ္မတ အိမ်တော် သတင်းထောက်တွေနဲ့ ၂ ပတ်တစ်ကြိမ်တွေ့ဆုံကာ ရှင်းလင်းပွဲ ပြုလုပ်သွားဖို့လည်း ရှိနေပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၇) ရက် ကြာသပတေးနေ့




COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)