“နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ” ကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြု ပြဌာန်း

0
300

လွှတ်တော်တွင်းမှာ တပ်မတော်ရဲ့ ကန့်ကွက်မှုတွေမြင့်မားခဲ့တဲ့ “နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ” ကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြု ပြဌာန်းလိုက်ပြီဖြစ်ပါတယ်။ ဧပြီလ ၆ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုး အတည်ပြုပြဌာန်းလိုက်တဲ့ အဲ့ဒီဥပဒေ ကြောင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံရတာပါ။ အဲ့ဒီဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်က ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ်ပီပြင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)