ဒေါ်အောင်ဆန်းစုကြည်က အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေး ဆောင်ရွက်မယ်လို့ ကြေညာ

0
309

နိုင်ငံတော်၏ အတိုင်ပင်ခံဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားကျောင်းသူတွေကို ပြစ်မှုကနေ အမြန်ဆုံးလွတ်မြောက်ရေး ဆောင်ရွက်သွားမယ်လို့ ဧပြီလ (၇)ရက် ဒီကနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက် လိုက်တဲ့ ပြည်သူ့အစိုးရရဲ့ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်တာကြောင့် နှစ်သစ်ကူးအခါသမမှာ အမြန်ဆုံးလွတ်မြောက်ရေး ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်နဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၄အရ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီကြေညာချက်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီး (၅)နာရီခန့်အခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ထုတ်ပြန်ကြေညာချက်ဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ ဧပြီ (၇) ရက် ဗုဒ္ဓဟူးနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)