
0
856




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်း-မြန်မာချစ်ကြည်ရေးပညာရေး သဘာဝဘေးရန်ပုံငွေ ဂီတပွဲကျင်းပမယ်

ထိုင်း- မြန်မာချစ်ကြည်ရေး ပညာရေး သဘာဝရေဘေးရန်ပုံငွေ ဂီတပွဲတော်ကို ဧပြီလ ၆ ရက် နဲ့ ဧပြီ-၇ ရက် တို့မှာ ထိုင်းနိုင်ငံ မဟာချိုင်ဈေးအနီး ကျင်းပသွားမှာဖြစ်ပါတယ်။

ဂီတပွဲတော်ကို ညနေ ၅ နာရီ ကနေ ည ၁၁ နာရီအထိပြုလုပ်သွားမှာဖြစ်ပါတယ်။ ဂီတပွဲမှာ မြန်မာ အဆိုတော် ၊ သရုပ်ဆောင်တွေအပြင် ထိုင်းအဆိုတော်တွေလည်း ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

အဲဒီဂီတပွဲကို ထိုင်းတော်ဝင်တပ်မတော်က ကျင်းပတာဖြစ်ပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးပွဲတော်လည်း ဖြစ်ပါတယ်။
မတ်လ ၂၉ ရက်နေ့မှာ ထိုင်းနိုင်ငံရှိ သတင်းမီဒီယာများသို့ ဂီတပွဲတော်နဲ့ ပတ်သတ်ပြီး သတင်းမီဒီယာများသို့ အသိပေးမိတ်ဆက်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)