ေရွ႕ေနဦးကုိနီအမႈ ၄၇ႀကိမ္ေျမာက္ရုံးခ်ိန္းမွာ ျပန္ေခၚသက္ေသေတြစစ္ေဆးေန (႐ုပ္/သံ)

0
864

ေရွ႕ေနဦးကုိနီ လုပ္ႀကံသတ္ျဖတ္ခဲ့တဲ့ တရားခံ ၄ ဦးကုိ ၄၇ ႀကိမ္ေျမာက္ ႐ုံးထုတ္အၿပီးမွာ ျပန္ေခၚသက္ေသ ၁၆ ဦးသာ စစ္ေဆးဖုိ႔က်န္ရွိတာျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္က ေပးပို႔ထားပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ဥပေဒအႀကံေပး ေရွ႕ေနဦးကုိနီကုိ ေသနတ္လုပ္ႀကံသတ္ျဖတ္ခဲ့တဲ့ ၾကည္လင္းအပါအ၀င္ ဆက္စပ္တရားခံေတြျဖစ္တဲ့ ေဇယ်ာၿဖိဳး ၊ ေအာင္၀င္းေဇာ္နဲ႔ ပုဒ္မ ၂၁၂ အရ အာမခံရရွိထားတဲ့ ေအာင္၀င္းထြန္းတုိ႔ရဲ့ ၄၇ ႀကိမ္ေျမာက္ရုံးခ်ိန္းကုိ မတ္လ ၈ ရက္ေန႕ရုံးထုတ္စစ္ေဆးခဲ့တာပါ။

ဒီကေန႔ရုံးခ်ိန္းမွာ ျပန္ေခၚသက္ေသ ၅ဦးကုိစစ္ေဆးခဲ့တာျဖစ္ၿပီး CCTV မွတ္တမ္းေတြမွာ ေတြ႔ရွိခဲ့တဲ့အခ်က္ အလက္ေတြကုိသာ စစ္ေဆးခဲ့တာျဖစ္သလုိ ျပန္ေခၚသက္ေသ ၃၇ ဦးမွာ ၁၆ ဦးသာစစ္ ေဆးဖို႔က်န္ရွိ ေတာ့တာျဖစ္ပါတယ္ ။

Sound Bite – ဦးေရာဘတ္စန္းေအာင္ (တရားလႊတ္ေတာ္ေရွ႕ေန)

လာမယ့္ မတ္လ ၁၆ ရက္ေန႔မွာလည္း တရားခံၾကည္လင္းက တရားရုံးမွာသက္ ေသခံတင္သြင္းထား တဲ့ကိစၥရပ္ေတြမွာ လုိအပ္ခ်က္ေတြရွိေနတဲ့အေပၚ ရန္ကုန္တုိင္း ေဒသႀကီးတရားလႊတ္ေတာ္ရုံးခ်ဳပ္မွာ လက္ခံေရးၾကားနာသြားမွာျဖစ္သလို ၁၉ရက္ေန႔မွာေတာ့ တရားလုိေရွ႔ေနေတြတင္သြင္းထားတဲ့ ရာဇ၀တ္ျပင္ဆင္မႈလက္ခံေရး ၾကားနာသြားမွာျဖစ္ပါတယ္။

Sound Bite – ဦးေရာဘတ္စန္းေအာင္ (တရားလႊတ္ေတာ္ေရွ႕ေန)

တရားလႊတ္ေတာ္ေရွ႕ေနဦးကုိနီကုိ ၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ ၂၉ ရက္ေန႔က ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္မွာ ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရတာျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ မတ္လ ၉ရက္ေန႔ ရုံးခ်ိန္းမွာေတာ့ က်န္ရွိေနေသးတဲ့ ျပန္ေခၚသက္ေသေတြကုိ ထပ္မံစစ္ေဆးသြားမွာ ျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ တရားခံ ၄ ဦးကို ၄၇ ကြိမ်မြောက် ရုံးထုတ်အပြီးမှာ ပြန်ခေါ်သက်သေ ၁၆ ဦးသာ စစ်ဆေးဖို့ကျန်ရှိတာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်က ပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို သေနတ်လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်းအပါအဝင် ဆက်စပ်တရားခံတွေဖြစ်တဲ့ ဇေယျာဖြိုး ၊ အောင်ဝင်းဇော်နဲ့ ပုဒ်မ ၂၁၂ အရ အာမခံရရှိထားတဲ့ အောင်ဝင်းထွန်းတို့ရဲ့ ၄၇ ကြိမ်မြောက်ရုံးချိန်းကို မတ်လ ၈ ရက်နေ့ရုံးထုတ်စစ်ဆေးခဲ့တာပါ။

ဒီကနေ့ရုံးချိန်းမှာ ပြန်ခေါ်သက်သေ ၅ဦးကိုစစ်ဆေးခဲ့တာဖြစ်ပြီး CCTV မှတ်တမ်းတွေမှာ တွေ့ရှိခဲ့တဲ့အချက် အလက်တွေကိုသာ စစ်ဆေးခဲ့တာဖြစ်သလို ပြန်ခေါ်သက်သေ ၃၇ ဦးမှာ ၁၆ ဦးသာစစ် ဆေးဖို့ကျန်ရှိ တော့တာဖြစ်ပါတယ် ။

Sound Bite – ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ)

လာမယ့် မတ်လ ၁၆ ရက်နေ့မှာလည်း တရားခံကြည်လင်းက တရားရုံးမှာသက် သေခံတင်သွင်းထား တဲ့ကိစ္စရပ်တွေမှာ လိုအပ်ချက်တွေရှိနေတဲ့အပေါ် ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော်ရုံးချုပ်မှာ လက်ခံရေးကြားနာသွားမှာဖြစ်သလို ၁၉ရက်နေ့မှာတော့ တရားလိုရှေ့နေတွေတင်သွင်းထားတဲ့ ရာဇဝတ်ပြင်ဆင်မှုလက်ခံရေး ကြားနာသွားမှာဖြစ်ပါတယ်။

Sound Bite – ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ)

တရားလွှတ်တော်ရှေ့နေဦးကိုနီကို ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လ ၉ရက်နေ့ ရုံးချိန်းမှာတော့ ကျန်ရှိနေသေးတဲ့ ပြန်ခေါ်သက်သေတွေကို ထပ်မံစစ်ဆေးသွားမှာ ဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)