က်ား/မ တန္းတူညီမွ်မႈနဲ႔ တရားမွ်တမႈ အခြင့္အခြင့္လမ္းမွာ အမ်ိဳးသမီးေတြ အလွမ္းေဝးေနဆဲ

0
874

ကမာၻလံုုးဆုုိင္ရာ အေနအထားအရ က်ား/မ တန္းတူညီမွ်မႈ၊ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ လုပ္ခလစာနဲ႔ လုပ္ငန္းခြင္ အေျခအေနေတြမွာ တန္းတူညီမွ်မႈနဲ႔ တရားမွ်တမႈဆိုင္ရာ အခြင့္အလမ္းေတြကို လက္လွမ္းမီႏိုင္ေရး အမ်ိဳးသမီးေတြအတြက္ အလွမ္းကြာေဝးေနဆဲ ျဖစ္တယ္လို႔ အမ်ိဳးသားဒီမုိကေရစီ အဖြဲ႔ခ်ဳပ္ (NLD) ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

၂၀၁၇ ခုႏွစ္ ကမာၻ႔ စီးပြားေရးဖိုုရမ္ အစီရင္ခံစာအရ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး စတဲ့ နယ္ပယ္ အသီးသီးမွာ အမ်ိဳးသမီး၊ အမ်ိဳးသား တန္းတူညီမွ် ကြာဟခ်က္ မရွိေစဖို႔ ေနာက္ထပ္ ႏွစ္ေပါင္း ၁၀၀ ေလာက္ အခ်ိန္ ယူရလိမ့္မယ္လို႔ ခန္႔မွန္းထားရာ အမ်ိဳးသမီးအေရးမွာ အခုထက္ ပိုၿပီး အစေပါင္းမ်ားစြာ အင္အားစိုက္ထုတ္ ေဆာင္ရြက္ဖို႔ လုိအပ္ေနတယ္လုိ႔လည္း ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ထုတ္ျပန္ခဲ႔တဲ့ မႈခင္းစာရင္းဇယားေတြအရ မိန္းကေလးငယ္ေတြနဲ႔ အမ်ိဳးသမီးေတြအေပၚ က်ဴးလြန္တဲ့ မုဒိမ္းမႈ အေရအတြက္ဟာ ၂၀၁၅ ခုုႏွစ္နဲ႔ ၂၀၁၇ ခုႏွစ္ စာရင္းဇယား ႏိႈင္းယွဥ္ခ်က္ေတြအရ ၂ ဆ ေက်ာ္ မ်ားျပားလာပါတယ္။

ဘယ္ အေၾကာင္းျပခ်က္နဲ႔မွ မုဒိမ္းမႈနဲ႔ မုဒိမ္းမႈ က်ဴးလြန္သူကို လူ႔အဖြဲ႔အစည္းက ခြင္႔လႊတ္လက္ခံဖို႔ အေၾကာင္းမရွိ၊ ျပင္းျပင္းထန္ထန္ ႐ႈတ္ခ်ေၾကာင္းနဲ႔ က်ဴးလြန္ခံရသူရဲ႕ တရားမွ်တမႈအတြက္ တတ္စြမ္းတဲ့ဘက္က အေထာက္အကူ ျဖစ္ႏိုင္ေရး ႀကိဳးပမ္းသြားၾကရမွာျဖစ္လို႔ အဲဒီ က်ဴးလြန္ခံရသူ အမ်ိဳးသမီးကိုသာ အရင္ဆံုး ျပစ္တင္ေဝဖန္ေလ့ရွိတဲ့ အေလ့အထကိုလည္း ေျပာင္းလဲရမယ္လို႔ NLD ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျား/မ တန်းတူညီမျှမှုနဲ့ တရားမျှတမှု အခွင့်အခွင့်လမ်းမှာ အမျိုးသမီးတွေ အလှမ်းဝေးနေဆဲ

ကမ္ဘာလုံးဆိုင်ရာ အနေအထားအရ ကျား/မ တန်းတူညီမျှမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုပ်ခလစာနဲ့ လုပ်ငန်းခွင် အခြေအနေတွေမှာ တန်းတူညီမျှမှုနဲ့ တရားမျှတမှုဆိုင်ရာ အခွင့်အလမ်းတွေကို လက်လှမ်းမီနိုင်ရေး အမျိုးသမီးတွေအတွက် အလှမ်းကွာဝေးနေဆဲ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ် ကမ္ဘာ့ စီးပွားရေးဖိုရမ် အစီရင်ခံစာအရ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ နယ်ပယ် အသီးသီးမှာ အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှ ကွာဟချက် မရှိစေဖို့ နောက်ထပ် နှစ်ပေါင်း ၁၀ဝ လောက် အချိန် ယူရလိမ့်မယ်လို့ ခန့်မှန်းထားရာ အမျိုးသမီးအရေးမှာ အခုထက် ပိုပြီး အစပေါင်းများစွာ အင်အားစိုက်ထုတ် ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ထုတ်ပြန်ခဲ့တဲ့ မှုခင်းစာရင်းဇယားတွေအရ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှု အရေအတွက်ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် စာရင်းဇယား နှိုင်းယှဉ်ချက်တွေအရ ၂ ဆ ကျော် များပြားလာပါတယ်။

ဘယ် အကြောင်းပြချက်နဲ့မှ မုဒိမ်းမှုနဲ့ မုဒိမ်းမှု ကျူးလွန်သူကို လူ့အဖွဲ့အစည်းက ခွင့်လွှတ်လက်ခံဖို့ အကြောင်းမရှိ၊ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ကျူးလွန်ခံရသူရဲ့ တရားမျှတမှုအတွက် တတ်စွမ်းတဲ့ဘက်က အထောက်အကူ ဖြစ်နိုင်ရေး ကြိုးပမ်းသွားကြရမှာဖြစ်လို့ အဲဒီ ကျူးလွန်ခံရသူ အမျိုးသမီးကိုသာ အရင်ဆုံး ပြစ်တင်ဝေဖန်လေ့ရှိတဲ့ အလေ့အထကိုလည်း ပြောင်းလဲရမယ်လို့ NLD ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)