
0
789





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Holocaust အထိမ်းအမှတ် ပြတိုက်ရဲ့ ဆုံးဖြတ်ချက်က မြန်မာအပေါ် သက်ရောက်မှု မရှိ

Holocaust အထိမ်းအမှတ် ပြတိုက်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို အားပေးထောက်ခံတဲ့ မြန်မာပြည်သူတွေရဲ့ သန္နိဋ္ဌာန် ချထားမှုအပေါ် သက်ရောက်မှု တစ်စုံတရာရှိစေမှာ မဟုတ်ဘူးလို့ အမေရိကန်ဆိုင်ရာ မြန်မာသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Holocaust အထိမ်းအမှတ် ပြတိုက်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ အထင်ကရ လူ့အခွင့်ရေးဆုကို ပြန်ရုပ်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက် မြန်မာသံရုံးက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဘင်္ဂါလီ မွတ်စလင်တွေကို လူမျိုးစု ရှင်းလင်းရေး လုပ်နေတဲ့ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က မဟန့်တားရုံ သာမက အဖြစ်အပျက်ကို စကားထဲ ထည့်သွင်းပြောကြားတာ မရှိတဲ့အတွက် ဆုကို ပြန်သိမ်းခဲ့တာလို့ Holocaust အထိမ်းအမှတ် ပြတိုက်က ကြေညာပါတယ်။

Holocaust အထိမ်းအမှတ် ပြတိုက်က ရခိုင်ပြည်နယ် အခြေနေအပေါ် မျှတတဲ့အမြင် သဘောထား မရှိသူတွေရဲ့ လှည်စားအသုံးချခံရတဲ့ ကိစ္စအပေါ် များစွာ စိတ်ပျက်ရတယ်လို့ မြန်မာသံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)