ရန္ကုန္ၿမိဳ႕မွာ တရားမဝင္ ငါးေမြးျမဴေရးဧရိယာ ဧက ၄ ေသာင္းအထိ ရွိေန (႐ုပ္/သံ)

0
860

ရန္ကုန္ၿမိဳ႕မွာ တရားမဝင္ ငါးေမြးျမဴေရးဧရိယာ ဧက ၄ ေသာင္းအထိ ရွိေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ငါးေမြးျမဴေရး ဧရိယာ ဧက ၈ ေသာင္းအထိ ရွိၿပီး ဧက ၄ ေသာင္းက တရားမဝင္ဘူးလို႔ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ငါးေမြးျမဴေရးကန္အခ်ိဳ႕က လယ္ယာေျမကို အျခားနည္းလမ္းေျပာင္းလဲအသုံးျပဳခြင့္ လန ၃၉ မရရွိဘဲ အသုံးျပဳ ေနတယ္လို႔ ပုဂၢလိက က႑ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ဒုတိယသမၼတနဲ႔ ပုဂၢလိကလုပ္ငန္းရွင္ေတြေတြ႕ဆုံပြဲမွာ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ေျပာဆိုခဲ႔တာပါ။

Soundbite – ဦးၿဖိဳးမင္းသိန္း (ဝန္ႀကီးခ်ဳပ္) ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔

ငါးလုပ္ငန္းက႑ဟာ ကုန္သြယ္ေရးက႑မွာ အေရးႀကီးတာျဖစ္တဲ႔အတြက္ တြံ႔ေတးၿမိဳ႕နယ္အတြင္းမွာ ငါးေမြးျမဴေရးဧရိယာ ဧကတစ္ေသာင္း အေကာင္အထည္ေဖၚသြားဖို႔ ရွိေနပါတယ္။

Soundbite – ဦးၿဖိဳးမင္းသိန္း (ဝန္ႀကီးခ်ဳပ္) ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔

ၿပီးခဲ႔တဲ႔ ေဖေဖၚဝါရီလအတြင္း ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္မွာ ထန္းတပင္မဲဆႏၵနယ္ အမွတ္ ၂ လႊတ္ေတာ္ကိုယ္စားလွယ္တဦးက ေက်းရြာစားက်က္ေျမေတြကို လယ္ယာေျမကေန အျခားနည္းလမ္း ေျပာင္းလဲ အသုံးျပဳခြင့္ လန ၃၉ ေျပာင္းၿပီး ငါးကန္အျဖစ္ အဆင့္ဆင့္ေရာင္းစားေနတာေတြ ရွိေနတယ္လို႔ တင္ျပထားတာရွိခဲ႔ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်မြို့မှာ တရားမဝင် ငါးမွေးမြူရေးဧရိယာ ဧက ၄ သောင်းအထိ ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေး ဧရိယာ ဧက ၈ သောင်းအထိ ရှိပြီး ဧက ၄ သောင်းက တရားမဝင်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောပါတယ်။

ငါးမွေးမြူရေးကန်အချို့က လယ်ယာမြေကို အခြားနည်းလမ်းပြောင်းလဲအသုံးပြုခွင့် လန ၃၉ မရရှိဘဲ အသုံးပြု နေတယ်လို့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယသမ္မတနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေတွေ့ဆုံပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

Soundbite – ဦးဖြိုးမင်းသိန်း (ဝန်ကြီးချုပ်) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ငါးလုပ်ငန်းကဏ္ဍဟာ ကုန်သွယ်ရေးကဏ္ဍမှာ အရေးကြီးတာဖြစ်တဲ့အတွက် တွံ့တေးမြို့နယ်အတွင်းမှာ ငါးမွေးမြူရေးဧရိယာ ဧကတစ်သောင်း အကောင်အထည်ဖေါ်သွားဖို့ ရှိနေပါတယ်။

Soundbite – ဦးဖြိုးမင်းသိန်း (ဝန်ကြီးချုပ်) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ထန်းတပင်မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်တဦးက ကျေးရွာစားကျက်မြေတွေကို လယ်ယာမြေကနေ အခြားနည်းလမ်း ပြောင်းလဲ အသုံးပြုခွင့် လန ၃၉ ပြောင်းပြီး ငါးကန်အဖြစ် အဆင့်ဆင့်ရောင်းစားနေတာတွေ ရှိနေတယ်လို့ တင်ပြထားတာရှိခဲ့ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)