ရန္ကုန္ေလဆိပ္မွာ အေကာက္ခြန္မဲ့ ေရႊထည္ပစၥည္းေတြ သိမ္းဆည္း

0
818

ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ မေန႔ မတ္လ ၇ ရက္ေန႔က ခရီးသည္တစ္ဦးဆီကေန အေကာက္ခြန္မဲ့ ေရႊထည္ပစၥည္းေတြ သိမ္းဆည္းရမိခဲ့ပါတယ္။

ေဟာင္ေကာင္ ေလဆိပ္ကေန ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္းနဲ႔ လိုက္ပါလာတဲ့ ေဒၚသင္းသင္းခိုင္ (၃၆ ႏွစ္) ရဲ႕ ခရီးေဆာင္အိတ္ေတြကို စစ္ေဆးရာမွာ ေရႊျဖဴဆဲြႀကိဳး ၅ ကံုး၊ ဘယက္ ၇ ကံုး၊ လက္ေကာက္ ၁ ကြင္း၊ ဟန္းခ်ိန္း ၃ ကြင္း၊ နားဆြဲ ၇ စံုနဲ႔ ၁ ဖက္၊ လက္စြပ္ ၃ ကြင္းတို႔ကို စစ္ေဆး ေတြ႔ရွိရပါတယ္။

အေကာက္ခြန္မဲ့ ပစၥည္းေတြ ျဖစ္တဲ့အတြက္ အေကာက္ခြန္က သိမ္းဆည္းထားၿပီး ၁၄ ရက္အတြင္း အေထာက္အထား စာရြက္စာတမ္းနဲ႔ ထုေခ်ရွင္းလင္း ထုတ္ယူရမွာ ျဖစ္ပါတယ္။ ေဒၚသင္းသင္းခိုင္ကိုေတာ့ ေနရပ္ကို ျပန္လႊတ္လိုက္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်လေဆိပ်မှာ အကောက်ခွန်မဲ့ ရွှေထည်ပစ္စည်းတွေ သိမ်းဆည်း
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မနေ့ မတ်လ ၇ ရက်နေ့က ခရီးသည်တစ်ဦးဆီကနေ အကောက်ခွန်မဲ့ ရွှေထည်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

ဟောင်ကောင် လေဆိပ်ကနေ မြန်မာအမျိုးသား လေကြောင်းလိုင်းနဲ့ လိုက်ပါလာတဲ့ ဒေါ်သင်းသင်းခိုင် (၃၆ နှစ်) ရဲ့ ခရီးဆောင်အိတ်တွေကို စစ်ဆေးရာမှာ ရွှေဖြူဆွဲကြိုး ၅ ကုံး၊ ဘယက် ၇ ကုံး၊ လက်ကောက် ၁ ကွင်း၊ ဟန်းချိန်း ၃ ကွင်း၊ နားဆွဲ ၇ စုံနဲ့ ၁ ဖက်၊ လက်စွပ် ၃ ကွင်းတို့ကို စစ်ဆေး တွေ့ရှိရပါတယ်။

အကောက်ခွန်မဲ့ ပစ္စည်းတွေ ဖြစ်တဲ့အတွက် အကောက်ခွန်က သိမ်းဆည်းထားပြီး ၁၄ ရက်အတွင်း အထောက်အထား စာရွက်စာတမ်းနဲ့ ထုချေရှင်းလင်း ထုတ်ယူရမှာ ဖြစ်ပါတယ်။ ဒေါ်သင်းသင်းခိုင်ကိုတော့ နေရပ်ကို ပြန်လွှတ်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)