
0
880




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချောက်မြို့နယ်၊ အိုးဘိုရွာမှာ မီးလောင်၊ ၁၀၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်

မကွေးတိုင်း၊ ချောက်မြို့နယ်၊ အိုးဘိုကျေးရွာမှာ မီးလောင်မှုကြောင့် နေအိမ် အလုံး ၂၀ ဆုံးရှုံးပြီး လူ ၁၀၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ပါတယ်။

မနေ့ မတ်လ ၇ ရက်နေ့က အိုးဘိုကျေးရွာနေ ဦးတင်ညွန့် (၄၅ နှစ်) ရဲ့ နေအိမ် မီးကြွင်းမီးကျန် ကတဆင့် လောင်ကျွမ်းမှုမှာ ကြက်၊ ဝက်၊ ဆိတ် ၁၃၈ ကောင်၊ ဆိုင်ကယ် ၅ စီး၊ စက်ဘီး ၂ စီးလည်း ဆုံးရှုံးပြီး အမျိုးစား ၄၀၊ အမျိုးသမီး ၆၂ ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

မီးဘေးဒုက္ခသည်တွေအတွက် အ.မ.က အိုးဘို ကျောင်းဝင်းမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပါတယ်။ ဦးတင်ညွန့်ကိုတော့ မီးပေါ့ဆမှုနဲ့ ဖမ်းဆီးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)