
0
882




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စက်ရုံအလုပ်ရုံရှေ့ ပိတ်ဆို့ဆန္ဒပြတာ ဥပဒေနဲ့ မညီဘူးလို့ ဒု သမ္မတပြော

အလုပ်သမားတွေ စက်ရုံ၊ အလုပ်ရုံရှေ့ ပိတ်ဆို့ ဆန္ဒပြတာတွေက ဥပဒေနဲ့ မညီဘူးလို့ ဒု သမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

မနေ့ မတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ခန်းမမှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒု သမ္မတ ဦးမြင့်ဆွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ အခုလို ပြောဆို ခဲ့တာပါ။

စက်ရုံ၊ အလုပ်ရုံရှေ့ ပိတ်ဆို့ဆန္ဒပြနေတာက စက်ရုံ၊ အလုပ်ရုံတွေ အလုပ်လုပ်လို့ မရတာကြောင့် ပထမ အဆင့်အနေနဲ့ အသိပညာပေး ဆောင်ရွက်မှာ ဖြစ်ပြီး ဒုတိယ အဆင့်အနေနဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒု သမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)