ေအာင္ေျမသာစံ မီးေလာင္မႈ ဆယ္တန္း ေက်ာင္းသူ စာအုပ္ေတြ ဆံုး႐ံႈး

0
870

မႏၱေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အႏွိပ္ေတာ္ရပ္ကြက္၊ သရက္ကုန္းကြက္သစ္ေန ေဒၚစိုးသူဇာ (၃၇ ႏွစ္) ရဲ႕ ႏွစ္ထပ္အိမ္မွာ ဘုရားမီးပူေဇာ္ရာက မီးေလာင္ကြ်မ္းတဲ့အတြက္ သမီးျဖစ္သူ တကၠသိုလ္ဝင္တန္း ေျဖဆိုေနတဲ့ မခိုင္ဇင္ရဲ႕ ေက်ာင္းစာအုပ္ေတြ မီးေလာင္ရာထဲ ပါသြားခဲ့ပါတယ္။

မေန႔ မတ္လ ၇ ရက္ေန႔မွာ မီးေလာင္ခဲ့တာ ျဖစ္ၿပီး မခိုင္ဇင္ စာေမးပြဲ ေျဖဆိုေရးအတြက္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ လွမိုးက ၿမိဳ႕နယ္ပညာေရးမႉး ဦးေအာင္ေက်ာ္မိုးထံ အကူညီေတာင္းခံထားပါတယ္။

မီးေလာင္မႈေၾကာင့္ ေနအိမ္ ၁၂ လံုး ဆံုး႐ံႈးၿပီး အမ်ိဳးသမီး ၃ ဦး မီးခိုးမြန္ အသက္႐ွဴၾကပ္တဲ့အတြက္ မႏၱေလးေဆး႐ံုႀကီးကို တင္ပို႔ ကုသခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အောင်မြေသာစံ မီးလောင်မှု ဆယ်တန်း ကျောင်းသူ စာအုပ်တွေ ဆုံးရှုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ သရက်ကုန်းကွက်သစ်နေ ဒေါ်စိုးသူဇာ (၃၇ နှစ်) ရဲ့ နှစ်ထပ်အိမ်မှာ ဘုရားမီးပူဇော်ရာက မီးလောင်ကျွမ်းတဲ့အတွက် သမီးဖြစ်သူ တက္ကသိုလ်ဝင်တန်း ဖြေဆိုနေတဲ့ မခိုင်ဇင်ရဲ့ ကျောင်းစာအုပ်တွေ မီးလောင်ရာထဲ ပါသွားခဲ့ပါတယ်။

မနေ့ မတ်လ ၇ ရက်နေ့မှာ မီးလောင်ခဲ့တာ ဖြစ်ပြီး မခိုင်ဇင် စာမေးပွဲ ဖြေဆိုရေးအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မိုးထံ အကူညီတောင်းခံထားပါတယ်။

မီးလောင်မှုကြောင့် နေအိမ် ၁၂ လုံး ဆုံးရှုံးပြီး အမျိုးသမီး ၃ ဦး မီးခိုးမွန် အသက်ရှူကြပ်တဲ့အတွက် မန္တလေးဆေးရုံကြီးကို တင်ပို့ ကုသခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)